News, Art and Ideas For Burma

October 7, 2008

A Letter to Ko Thein Sein

Filed under: MY WRITING, SATIRE — Nyo Gyi @ 1:21 pm
ကိုသိန်းစိန်သို့ အိတ်ဖွင့်ပေးစာတစ်စောင်

နာဂစ်မုန်တိုင်းခံဒေသများမှ ဆင်းရဲသား ပြည်သူအပေါင်းမှာ နာဂစ်လေမုန်တိုင်းက နှိပ်စက်ထားလို့မှ နလန်မထူနိုင်သေးဘူး၊ စစ်အဆိုးရ ကိုသိန်းစိန်ရဲ့  လေမုန်တိုင်းအောက်မှာလည်း ပြားပြားဝပ်နေကြရပြန်ပါပြီ။

ကိုသိန်းစိန်သည် လျှာအရိုးမဲ့တိုင်း ပြောတတ်သော သဘာဝ ရှိဟန်တူ၏။

ယခုလည်း (၇၊ အောက်တိုဘာ၊ ၀၀၈)ထုတ် စစ်အဆိုးရ သတင်းစာများတွင် ဖတ်ရှုရသည်မှာ

“-မိမိတို့၏ ပတ်ဝန်းကျင်တွင် သဘာဝ အမွေအနှစ်များ ဖြစ်သည့် မြေသယံဇာတ၊ ရေသယံဇာတများလည်း ရှိပြီးဖြစ်၍ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်အောင် အလုပ်ကို ကြိုးစားပမ်းစားနှင့် ၀ီရိထား လုပ်ကိုင်ကြရမှာ ဖြစ်ကြောင်း။ -အလုပ်လုပ်ကိုင်၍ ရရှိလာသော ၀င်ငွေကို အလွယ်တကူ သုံးဖြုန်းမပစ်ဘဲ အဆင့်အတန်းမြင့်မြင့်နေနိုင်ရေးအတွက် ငွေကို စုဆောင်းကြရန်ဖြစ်ကြောင်း။´´
ပြောသွားပြန်ပါသည်။

-မြန်မာပြည်၏ ထွက်ရှိသမျှ သဘာဝ အမွေအနှစ်များ (မြေ+ရေသယံဇာတ)များနှင့် စီးပွားရေးလုပ်ကာ မျက်မှောက်ခေတ် ချမ်းသာနေကြတာ ဘယ်သူတွေလဲ။ စစ်အဆိုးရနှင့် နောက်လိုက်အလိုတော်ရိများပဲ မဟုတ်ပါလား။ လက်ရှိမြန်မာပြည်ဈေးကွက်၏ ဝေစုအများဆုံးကို သင်းတို့တစ်သိုက်ကသာ ခွဲဝေ၊ မျှယူ နေကြသည် မဟုတ်လော။
အလွယ်တကူ ရရှိလာသော ငွေများကိုလည်း သုံးဖြုန်းတီးပစ်နေကြသည်မှာလည်း ဘယ်သူတွေလဲ။ ရသမျှ တိုင်းပြည်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ် စုဆောင်းကာ အဆင့်အတန်းမြင့်မြင့်နေထိုင်နိုင်သူတွေမှာလည်း ဘယ်သူတွေလဲ။ ရှင်းပါသည်။ စစ်အဆိုးရမိသားစုဝင်များနှင့် နောက်လိုက်အလိုတော်ရိများသာ ဖြစ်ပါသည်။
ထိုသည်ဤသည်တို့ကို မသိကျိုးကျွန်ပြပြီး သူကပဲ ဆင်းရဲသား ပြည်သူတွေကို သြ၀ါဒ ချွေနေလိုက်ပါသေးသည်။ ပြုံးရမှာလား၊ ငိုရမှာလား ကိုသိန်းစိန်…။

——————————————————————————————————————–

ဇူလိုင်၊ ၂၀၀၈ တုန်းကလည်း ကိုသိန်းစိန်ကပဲ နာဂစ်ပြည်သူများကို ချိုးချိုးနှိမ်နှိမ် မိန့်ခွန်းချွေခဲ့ပါသေးသည်။ ဤသည်ကို (မြန်မာဖိုရမ်၊ ဇူလိုင်လ ၉ ရက် ၂၀၀၈ ခုနှစ်။) မှ ကူးယူဖော်ပြပေးလိုက်ပါသည်။

***နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က နာဂစ်ဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းမှ ပြည်သူများအား ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ စိတ်ဓာတ် ဖျောက်ပြီး အလုပ်ကြိုးစားလုပ်ကြရန်တိုက်တွန်းလိုက်သည်။

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ်က ယမန်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်နှင့် ဖျာပုံမြို့နယ်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဖျာပုံမြို့သို့အရောက် တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“နာဂစ်မုန်တိုင်း၏ ပျက်စီးဆုံးရှုံးမှု၊ သေဆုံးခဲ့ရမှုများကို သင်ခန်းစာရယူပြီး၊ ယခင်ကဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့် စိတ်ဓာတ်ကို ပယ်ဖျောက် ကာ လုံလ၀ီရိယထား၍ အလုပ်ကိုကြိုးစား လုပ်ကြစေလို ကြောင်း” ဖြင့် ထည့်သွင်းမှာကြား ပြောကြားခဲ့သည်။…။******

——————————————————————————————————————–

ကဲ…ကိုသိန်းစိန်…ရေ… ပြန်မပြော၊ နားထောင် ပြည်သူတွေကို သိပ်မပြောပါနဲ့တော့ဗျာ။ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်လူတွေကိုသာ အရင်ပြောပါ၊ ထိန်းပါဦး။ “ပါးစပ်က ဘုရား၊..ဘုရား။ လက်က ကားယားကားယား၊ လက်က ဒိုင်းညှောင့်…ဒိုင်းညှောင့်´´ ဘ၀ ကြီးထဲမှာ ခင်ဗျားမို့လို့ မရှက်မရွံ့  နေ နေနိုင်ရက်တယ်ဗျာ။

လောလောဆယ်တော့ ဒီလောက်ပဲ ပြောလိုက်ပါရစေဦး…ကိုသိန်းစိန်။ ။

-ညိုကြီး

Advertisements

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: