News, Art and Ideas For Burma

October 12, 2008

Ko Maung Aye Forgot His Real Father?

Filed under: DAYS TOPICS, MY WRITING, SATIRE — Nyo Gyi @ 10:30 am

ကိုမောင်အေး တစ်ယောက်

အဖေကျော်ပြီး ပထွေးကိုလွမ်းခြင်း

– ညိုကြီး

မြန်မာစစ်အဆိုးရအာချော် သတင်းစာတွေ (မြန်မာ့အလင်း၊ ကြေးမုံ) ကို ဖတ်ရှုမိခြင်းဟာ ကုသိုလ်စိတ်မဖြစ်စေဘဲ အကုသိုလ်စိတ်(ဒေါသ)ကိုသာ ပိုမို တိုးပွားစေတယ်ဆိုတာ (၁၁၊ အောက်တိုဘာ၊ ၂၀၀၈)နေ့ထုတ် သတင်းစာတွေကို ဖတ်မိခါမှ ပိုလို့သေချာသွားခဲ့ရပါတယ်။

သတင်းတစ်ပုဒ်ကို ဖတ်မိရာက ဒေါသထွက်မိပါတယ်။ သတင်းခေါင်းစဉ်ကို ဖတ်မိလိုက်ရကတည်းက အဲဒီဒေါသစိတ်က ထောင်းကနဲ ထလာပါတယ်။ ပြီးတော့ ဒေါသစိတ်ပြီးတဲ့အခါ အော့နှလုံးနာစိတ်၊ ရယ်ချင်စိတ် အစသဖြင့် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ထွန်းလာရပါတယ်။

(ခင်ဗျားတို့ဖတ်ကြည့်မိရင်လည်း ကျွန်တော့်လို ခံစားကြရမှာပါ။)

ဒေါသစိတ်

သတင်းခေါင်းစဉ်က “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဆာဗားအမျိုးသားအာဇာနည်ဗိမာန် လွမ်းသူ့ပန်းခွေချ အလေးပြု” တဲ့။
သတင်းခေါင်းစဉ်ကို ဖတ်မိလိုက်ရကတည်းက ဘာကြောင့်ဒေါသထွက်သင့်သလဲဆိုတာ ခင်ဗျားတို့ သဘောပေါက်မှာပါ။
ဘယ်နှယ့်ဗျာ ကိုယ်ြ့မန်မာပြည်လွတ်လပ်ရေးအတွက် အသက်ပေးသွားကြရတဲ့ သခင်အောင်ဆန်း အမှူးပြုတဲ့ အာဇာနည်ကိုးဦးကျဆုံးတဲ့ အာဇာနည်နေ့ကိုကျတော့ သတိမရ၊ အလေးပြုဖို့ အာဇာနည်ဗိမာန်ကို ခြေဦးတောင်မှ လှည့်ဖော်မရ။

(အနီးစပ်ဆုံးအနေနဲ့ “အာဇာနည်ဗိမာန်တွင် ကျင်းပသော (၆၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား” သတင်းကို မြန်မာဖိုရမ်မှ ကူးယူပြီး ဒီစာအဆုံးမှာ ပူးတွဲတင်ပြလိုက်ပါတယ်။ အဲဒီတုန်းက ရန်ကုန်မြို့တော်ဝန်လေး တစ်ယောက်ပဲ ပွဲတက်ရှာတယ်။)

ဘာမှမဆိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဇာနည်တွေကိုကျတော့ လွမ်းသူ့ပန်းခွေချ၊ အလေးပြု နေလိုက်တာများ ကိုမောင်အေးတစ်ယောက် (မရိုသေ့စကား) ဖင်ကြီးတောင်မှ ကုန်းလို့။ သူက ဘင်္ဂလားဒေ့ရှ်အာဇာနည်ဗိမာန်မှာ အမှတ်တရသစ်ပင်တောင် စိုက်ပျိုးလိုက်သေးသဗျ။
သူနဲ့အတူ ကိုတင်အောင်မြင့်ဦး၊ ကိုတင်အေး၊ ကိုဥာဏ်ထွန်း၊ ကိုမြတ်ဟိန်း၊ ကိုဂျူနီယာရဲမြင့်၊ ကိုခင်ဇော်၊ ကိုသောင်းအေး အစသဖြင့် မြန်မာစစ်အဆိုးရ ဗိုလ်အဖွဲ့ဝင်တွေလည်း မြန်မာ့အာဇာနည်နေ့အခမ်းအနား မှာကျတော့ (မရိုသေ့စကား) အိမ်မှာ မိန်းမနဲ့ နှပ်နေကြပြီးတော့ ဘင်္ဂလားဒေ့ရှ်ရောက်ခါမှ ဘင်္ဂလားအာဇာနည်ဗိမာန်ကို အရောက်သွားပြီး ဘင်္ဂလားအာဇာနည်တွေကို အလေးဂရုပြုနေလေရဲ့။

စစ်အဆိုးရဗိုလ်အကြီးကြီးတွေဟာ ရန်ကုန်ကဖြစ်ဖြစ်၊ နေပြည်တော်ကဖြစ်ဖြစ် ဘယ်လောက်မှ မဝေးတဲ့ ရန်ကုန်၊ မြန်မာ့အာဇာနည်ဗိမာန်ကိုကျတော့ နီးလျက်နဲ့ဝေးတာလား၊ နီးလျက်နဲ့ မသိချင်ယောင် ဆောင်တာလား၊ နီးလျက်နဲ့ အလေးမထားတာလား၊ နီးလျက်နဲ့စော်ကားတာလားဆိုတာ ကျွန်တော်သိချင်လှပါတယ်။

ကဲ…ကျွန်တော် ဒေါသထွက်တာ လွန်သလားဗျာ။
(ဒေါသထွက်လာတော့ အသုံးအနှုန်းတွေလည်း ရိုင်းမိသွားတာ စာရှုသူများ ခွင့်လွှတ်တော်မူကြပါ)

အော့နှလုံးနာစိတ်

ဒီစိတ်ကိုတော့ (စာလေးမှာစိုးလို့) အထူးရှင်းမပြတော့ပါဘူး။

ရယ်ချင်စိတ်

ရယ်ချင်စိတ်ကတော့ အခြားမဟုတ်ပါဘူး။
စစ်အဆိုးရက ကျွန်တော်တို့ ဒီမိုသမားတွေကို မကြာမကြာ စွပ်စွဲတတ်တဲ့ စကားရှိပါတယ်။ “အမေကျော်ပြီး ဒွေးတော်လွမ်းတယ်” တဲ့။ အခုတော့ ကိုမောင်အေးရဲ့ လုပ်ပေါက်က အမေ တင်မကတော့ဘူး။ “အဖေကိုတောင်ကျော်ပြီး ပထွေးကို သွားလွမ်းမိသလိုများ” ဖြစ်နေပြီလား…လို့။

– ညိုကြီး


(ကျွန်တော့်သူငယ်ချင်းကတော့ ဒီစာကို ဖတ်ကြည့်ပြီး မှတ်ချက်ပေးပါတယ်။ သူတို့(စစ်အဆိုးရ)ခမျာ လည်း မတော်မတရားတာတွေလုပ်ပါများတော့ အာဇာနည်နေ့ရောက်ရင် မြန်မာ့(ဗမာ့)တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မျက်နှာမပြရဲလို့ နေမှာပေါ့တဲ့။

ကျွန်တော်ကလည်း ပြန်ပြောလိုက်ပါတယ်။ မျက်နှာမပြရဲတာမဟုတ်ဘူးကွ။ ပြစရာ မျက်နှာကို မရှိတော့တာ။ “အရှက်နဲ့ လူလုပ်တယ်” ဆိုတဲ့ စကားရှိတယ်လေ။ စစ်အဆိုးရမှာ အရှက်ဆိုတာ မရှိမှတော့ သူတို့ဟာ လူ ပီသအောင် မလုပ်တတ်၊ မကိုင်တတ်တော့ဘူး။ Nitric Acid ဇေယျာသော်ရဲ့ ကဗျာလိုပေါ့ကွာ…”လူမျက်နှာပျောက်တဲ့ လူသားတွေ” ဆိုတာလေ…။ မင်းလည်း ဖတ်ဖူး၊ ကြားဖူးမှာပါ…။ ။)


———————————————————————————————–

လူမျက်နှာပျောက်တဲ့လူသားတွေ

လူအချင်းချင်း…..
မီးထက်ပြင်းတဲ့ထိုးနှက်မှူတွေ
အချစ်ကိုဝယ်စားကြသူတွေနဲ့
အချစ်ကိုရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့ 
မေတ္တာမဲ့တဲ့နှလုံးသားတွေ
ဘယ်သူသေသေ …
ငတေမာရင်ပြီးရောပေါ့။

ငါတို့ ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့အတ္တအတွက်
တယောက်က အခြားတယောက်ရဲ့
မျှော်လင့်ချက်တွေကိုရိုက်ချိုး
အသွေးအသားတွေကိုဝါးမျို
အရိုးတွေနဲ့ မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။

ငါတို့ ခေတ်မှာ
ကမ္ဘာရဲ့သစ္စာနဲ့

ပျောက်ဆုံးနေတဲ့လောကပါလဟာ
ဘယ်မှာမှရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲတိုးဝင်…..

ဟင်!
လူသားတွေဟာ …..
လူမျက်နှာတွေပျောက်နေကြပြီ။ ။

ဇေယျာသော်
Generation Wave
၂၇.၆.၀၈


————————————————————————————————————————————————————————-

အာဇာနည်ဗိမာန်တွင် ကျင်းပသော (၆၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား
မြန်မာဖိုရမ်၊ ဇူလိုင်လ ၂၁ ရက် ၂၀၀၈ ခုနှစ်။

၂၀၀၈ ခုနှစ်၏ (၆၁)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပခဲ့သည်။
အာဇာနည်နေ့အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း တက်ရောက်ခဲ့ပြီး ကျဆုံးလေပြီးသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းများ ပြုလုပ် ခဲ့ကြောင်းသိရသည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများသည် ဂူဗိမာန်များတွင် လွမ်းသူ့ပန်းခွေချ အလေးပြုကန်တော့ကြရာ ပထမဆုံးအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန်တွင် သားကြီး ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ ကိုယ်စား မိသားစုဝင်တစ်ဦးက လွမ်းသူ့ပန်းခွေချ၍ အလေးပြုကန်တော့ကာ မေတ္တာပို့ အမျှဝေကြောင်း သိရသည်။
ထို့နောက် သခင်မြ၊ ဦးဘချို၊ မိုင်းပွန်စောဘွားကြီး စပ်စံထွန်း၊ ဦးဘ၀င်း၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့၏ မိသားစုများက အသီးသီး လွမ်းသူ့ပန်းခွေချ အလေးပြုကန်တော့ကြပြီး မေတ္တာပို့ အမျှပေးဝေကြကြောင်း သိရသည်။ ထိုအခမ်းနားသို့ နိုင်ငံခြားသတင်းထောက်များနှင့် ပြည်တွင်း မီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Advertisements

2 Comments »

  1. မောင်အေးရဲ့ တကယ့်ပထွေးက မွတ်စလင်ကုလားကြီး မောင်အေးအဖေသေတော့ မောင်အေးအမေနောက်လင် ယူတာမွတ်စလင်ကုလားဗျာ မောင်အေးကို ပထွေးကနှိပ်စက်တော့ ဘုန်းကြီးကျောင်းသွားနေပြီး ဆယ်တန်းအောင် DSA တက်လာတာ ကျေးဇူးကန်း ပြီး ဘုန်းကြီးတွေသတ် ကုလားကိုဖင်ထောင်တာ မောင်အေး ခွေးဇာတ်ခင်းတာဘဲ

    Comment by Zaw — October 12, 2008 @ 6:43 pm

  2. အကြောင်းမူကား မောင်အေးသည် နအဖ အကြီးအကဲ နံပါတ် ၂ ဖြစ်သော်လည်း ၎င်းနှင့် ၎င်း၏ မိိန်းမ မြမြဆန်း တို့သည် နံပါတ် ၁ ခွေးဗိုလ်ကြီး သန်းရွှေ နှင့် ၎င်း၏ မိိန်းမ ကြိုင်ကြိုင် တို့ စားသောက် အဆီရစ် ပြီးခါမှ အကြွင်းကို စားခွင့် ရှိပါသည်။ ထို့ကြောင့် မောင်အေးသည် မြန်မာပြည်ကို စိတ်နာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အာဇာနည်များကို လွမ်းသူ့ပန်းခွေချ၊ အလေးပြု နေခြင်းဖြစ်ပါသည်။ ဤဓါတ်ပုံများ ဖြင့်သက်သေပြုပါသည်။

    (To look at photos please visit whoiswho blogpost)

    Comment by Goldie Shwe — October 12, 2008 @ 9:02 pm


RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: