News, Art and Ideas For Burma

October 16, 2008

>AUNG SAN STYLE

Filed under: GENERAL AUNG SAN, OTHERS' WRITINGS — Nyo Gyi @ 12:00 am

>

ဗိုလ်ချုပ်အောင်ဆန်း…ဆိုတာ…

(Photo was taken from – http://aklatt2008.multiply.com/)


The Voice Weekly Journal (Burma)
(Vol.4/ No.50, Monday, October, 13-19, 2008)
မှ
BUYING GUIDE ကဏ္ဍအောက်တွင် ဖော်ပြပါရှိသော နွယ်နီမဂ္ဂဇင်း ဖတ်ညွှန်းကို ကူးယူဖော်ပြလိုက်ပါသည်။ (ဖတ်ညွှန်းရေးသူ၏ ကလောင်နာမည်ကို ဂျာနယ်ထဲတွင် ဖော်ပြထားခြင်းမရှိပါ)
———————————————————————————————————–

နွယ်နီမဂ္ဂဇင်း
အတွဲ (၁၉)၊ အမှတ်(၂)၊ ၂၀၀၈ ခုနှစ် အောက်တိုဘာလ
BUYING GUIDE

အသွင်သစ် နွယ်နီမဂ္ဂဇင်းရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်ပါတယ်။ စာချစ်သူတွေအတွက် ‘ရေငတ်တုန်း ရေတွင်းထဲကျ’ ဆိုသလို ‘ဖတ်စရာ’ အငမတန်ရှားနေချိန်မှာ တစ်ထိုင်တည်း ရသစုံ ပေးနိုင်တဲ့ မဂ္ဂဇင်းဖြစ်တဲ့အတွက် ဒုတိယမိလမ်းညွှန်ရခြင်းပါ။ အင်မတန်လေးစားကြည်ညိုရတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် နိုင်ငံခြားသားတွေ အထူးသဖြင့် မြန်မာပြည်ကို ကျွန်ပြုအုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှနဲ့ ဂျပန်တွေရဲ့ အမြင်ကို သန်းဝင်းလှိုင်က ဖော်ထုတ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့တင် ဒီလနွယ်နီ မဂဇင်း ၀ယ်ဖတ်ဖို့ ထိုက်တန်တယ်လို့ ဆိုချင်ပါတယ်။

ဗမာ့တပ်မတော်ကို စတင်တည်ထောင်သူ ပထမဦးဆုံး စစ်သေနာပတိ၊ လွတ်လပ်ရေးဗိသုကာ၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက ဘယ်အချိန်၊ ဘယ်နေရာဖတ်ရဖတ်ရ ရိုးမသွား။ သိပြီးသား အကြောင်းအရာတွေပင် တစ်ခါထပ်တွေ့ ရင် ထပ်ဖတ်ချင်စိတ်ဖြစ်စေပါတယ်။ လူ့အဖွဲ့ အစည်းတစ်ရပ်ရဲ့ လူသားတွေအတွက် စံပြုအပ်တဲ့ ပုဂ္ဂိုလ်တို့က အဲဒီလူ့အဖွဲ့ အစည်းရဲ့ စိတ်ဓာတ်ခွန်အားနဲ့ နောက်မျိုးဆက်တွေအတွက် နမူနာပြနိုင်ပါတယ်။ အင်္ဂလိပ်လိုတော့ ဒါကို Role Model လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ ဗိုလ်ချုပ်လိုစံပြုအပ်တဲ့ ပုဂ္ဂိုလ်မျိုးရှိနေတာကိုက ကံကောင်းလှပါတယ်။

သန်းဝင်းလှိုင်ရဲ့ ဆောင်းပါးကို အနှစ်ချုပ်ကြည့်တော့ နိုင်ငံခြားသား အများစုရဲ့ ဗိုလ်ချုပ်အပေါ် အဓိကလေးစားတာက ဗိုလ်ချုပ်ရဲ့ အငြင်းပွားဖွယ်မရှိတဲ့ တစ်ဖြောင့်တည်းသော စိတ်ဓာတ်နဲ့ ရိုးသားမှုကိုပါ။ မွေးကတည်းက မိဘအပေါ်မှာရော၊ ဆရာသမား၊ ညီအစ်ကိုမောင်နှမတွေအပေါ်မှာရော မိတ်ဆွေသူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေအပေါ် မှာရော နိုင်ငံသူနိုင်ငံသားအားလုံးအပေါ်မှာရော ရိုးသားဖြောင့်မတ်မှု အပြည့်နဲ့ မဆုတ်မနစ် အလုပ်လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ ယုတ်စွအဆုံး ရန်သူတွေဖြစ်တဲ့ ဗြိတိသျှနဲ့ ဂျပန်တို့အပေါ်မှာတောင် ရိုးရိုးသားသားဆက်ဆံခဲ့ပါတယ်။ မရိုးမဖြောင့်၊ မဟုတ်မမှန်မလုပ်ခဲ့တာ၊ ကိုယ်ကျိုးစွန့် အနစ်နာခံတာ၊ ငွေကြေးအရှိန်အ၀ါသြဇာ မခုံမင်မမက်မောတာတွေက ရေးပြရင် ကုန်နိုင်ဖွယ်မရှိပါ။ နိုင်ငံကို စွန့်လွှတ် အနစ်နာခံပြီး ကယ်တင်စောင့်ရှောက်နေပါတယ်လို့ ဗိုလ်ချုပ်ရဲ့ ပါးစပ်က ဘယ်တုန်းကမှ ထုတ်မပြောခဲ့ပါဘူး။ သူ့ လုပ်ရပ်နဲ့ လက်တွေ့ အကျိုးရလဒ်တွေ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့  လေးစားအားကိုး ယုံကြည်မှု၊ ချစ်ခင်မှုတွေက သက်သေပြခဲ့ပြီးသားပါ။

ပထမတစ်အုပ်ဖတ်ထားသူတွေကို ဒီတစ်အုပ်ထပ်ဖတ်ဖို့ ထပ်တိုက်တွန်းဖို့တောင် လိုမယ်မထင်ပါဘူး။ ရောင်းဈေး ၁၇၀၀ ကျပ်လို့ ပုံနှိပ်ထားပါတယ်။

Advertisements

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.

%d bloggers like this: