
ဆောင်းပါး ခေါင်းစဉ်က ” အနာနှင့်ဆေး သင့်အောင်ပေး ပျောက်ရေးမခက်ပါ” တဲ့။ မောင်ဒဲ့ဒိုး ကလောင်ပုန်းနဲ့ ဆောင်းပါးထဲမှာ ရေးသားထားတာတွေက မစ္စတာ ဘန်ကီမွန်းကို အမေရိကန် သြဇာခံဆိုပြီး စော်ကားလိုက်တာပါ။ မစ္စတာ ဘန် မြန်မာပြည်လာတုန်းက ကိုသန်းရွှေနဲ့ တွေ့သခိုက် မြန်မာ့ဒီမိုကရေစီသူရဲကောင်း မတရားအမှုရင်ဆိုင်နေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ နှစ်ကြိမ်တိုင် တောင်းဆိုတာကို ဆောင်းပါးထဲမှာ ဝေဖန်ထားပါတယ်။
သတင်းစာပါ ဆောင်းပါးမှာ အဲဒီ ဒဲ့ဒိုးဆိုသူနဲ့ ဘကြီးဖြိုးဆိုသူတို့ အမေးအဖြေ အပြန်အလှန် ပြောပုံနဲ့ ဖော်ပြထားတာပါ။ အဓိကကတော့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို အမေရိကန်သြဇာခံဆိုပြီး ပြောင်ပြောင်တင်းတင်း တိုက်ခိုက်တာပါပဲ။
ဆောင်းပါးကို အောက်မှာ ပုံစာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ အွန်လိုင်းပေါ်က စစ်အဆိုးရ မြန်မာ့အလင်းသတင်းစာ(၂၈၊ ၇၊ ၀၀၉) လိပ်စာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
Leave a Reply