News, Art and Ideas For Burma

July 30, 2009

SHE, FOR BURMA

Filed under: DAW AUNG SAN SU KYI, OTHERS' POEMS — Nyo Gyi @ 10:17 am

“အိမ် ဆောက်ချင်တဲ့သူ”

အဲဒီနေ့ကပေါ့ …………….သူအိမ်ပြန်လာခဲ့တယ်။ မာတာ မိခင်အတွက်ပေါ့။

အိမ်မှာ အသံ တစ်ခု ကြားတယ်။ မဖြစ်တော့ဘူး။
အိမ်မှာ ဆက်နေရမယ်။ သူ့အိမ် အတွက်ပေါ့။

သူ့အိမ်ကလည်း သူ့အဖေဆောက် ပေးခဲ့တာလေ။
အင်း …….. အဖေဆောက် ခဲ့တဲ့အိမ်လေးကို ပြုပြင်ရမယ်ပေါ့။

အဲဒီ့နေ့ကပေါ့ သူ့ အိမ်လေး မွန်းမံဖို့ အုတ်၊ သဲ ၊ ကျောက် တွေ အပြည့်ရခဲ့တယ်။
အော် ……….နောက် ရက်မှာ………. မုန်တိုင်းတွေ ကျလာတယ်။
အိမ်လေး မပြင်ရသေးပဲ ပျက်စီးသွားတယ်။
အုတ်၊ သဲ ၊ ကျောက် တွေ ကတော့ရှိ နေဆဲပါ။

နောက် သူလည်း မုန်တိုင်း ဒါဏ်ကြောင့် “၀ှီးချဲ” ပေါ်ကမဆင်းနိုင်ခဲ့ဘူး။

တော်တော်ကြာကြာ နေပြီးနောက် သူလမ်းပြန်လျှောက် နိုင်ခဲ့တယ်။
သူ့  ရည်ရွယ်ချက် အတိုင်း သူ့ အိမ်လေး မွန်းမံဖို့ လုပ်ခဲ့တယ်။

ကံ ကလည်းဆိုး ပြန် တယ်။
သူ့ အိမ်ကို ငါ့ အိမ်ပါ ဆိုပြီး လူတစ်ယောက်က လုယူပြီး သူ့ ခြေထောက်တွေ ရိုက် ချိုး ခဲ့တယ်။
” ၀ှီးချဲ” ပေါ်ပြန် ရောက် သွားပြန်ရောပေါ့။

ဆရာဝန်ကပြောတယ်…..
ရက်စေ့ရင်တော့ လမ်းပြန်လျှောက်နိုင်မှာ ပါတဲ့။

ဆရာဝန်ကပြောတဲ့ ရက်စေ့ လို့ လမ်းပြန်လျှောက် နိုင် ခါနီးမှာ………….
နောက်ဘက် အိမ်က ဧည့်သည် တစ်ယောက် ရောက်လာတယ်။

အဲဒီ ဧည့်သည် သူ့ကို “၀ှီးချဲ” ပေါ်တင်ပြီး တွန်းပေးနေတုန်းမှာ…………..
သူတို့ နှစ်ယောက်လုံး နွံ ထဲ ပြုတ်ကြ ခဲ့တယ်။

ကယ်မယ့်သူတွေလည်း လာခဲ့ပါတယ်
ဒါပေမယ့် ကယ်လို့ မရခဲ့ပါဘူး……………………….

အင်း…………….ငါတို့လေ……
အိမ်ဆောက် ချင်တဲ့ သူ့ ကို နစ်မြုပ် မသွားအောင်
တစ်ခုခု လုပ်ပေးဖို့ သင့်ပြီ……….။ ။

ဖိုးရှုပ် (ဒဂုံ အဝေးသင်) Student

————————————————————————
DASSK’s Photo was taken from
http://www.pbase.com/dassk/dassk&page=2

Advertisements

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.

%d bloggers like this: