News, Art and Ideas For Burma

March 19, 2010

Short Fire at Mandalay on (19, 3, 2010)

Filed under: MY NEWS, PHOTOS — Nyo Gyi @ 4:28 am
(၁၉၊ မတ်လ၊ ၂၀၁၀)နံနက်ပိုင်းမှာ မန္တလေး၌ မီးလန့်ပြန်

ယနေ့ (၁၉၊ မတ်လ၊ ၂၀၁၀) သောကြာနေ့၊ နံနက် (၈)နာရီ (၄၅)မိနစ်ခန့်တွင် မန္တလေးမြို့ ၊ ၇၃ လမ်း၊ ၃၃ လမ်းနှင့် ၃၂ လမ်းကြား၊ 3 COLOR လက်ဖက်ရည်ဆိုင်မြောက်ဘက်ကပ်လျက် တိုက်တွင် မီးလန့်မှုဖြစ်ပွားခဲ့သည်။ ထိုမီးလန့်မှုဖြစ်ရာ တိုက်မှာ မိန်းကလေးအဆောင်ဖြစ်ပြီး၊ မြေညီထပ်တွင် ” ရွှေလီမော် ” ဆေးနှင့် စတိုးဆိုင်ဖွင့်လှစ်ထားရှိသည်။

မီးမှာ အခြားတိုက်၊ အိမ်များသို့ ကူးစက်ခြင်းမရှိခဲ့ချေ။

၂၀၁၀ ခုနှစ်၊ မတ်လတစ်လတည်းမှာပင် (မတ်လ ယနေ့အထိ) မန္တလေးမြို့ တွင် မီးလောင်မှု/လန့်မှု အနည်းဆုံး (၄)ကြိမ်ခန့်ဖြစ်ပွားခဲ့သည်။

မတ်လ (၈)ရက်နေ့၊ ညနေပိုင်းတွင် မန္တလေး၊ အောင်မြေသာစံမြို့ နယ်၊ ၁၉ လမ်းနှင့် ၂၀ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ အကွက် (၁၂၄)တွင် မီးလောင်ခဲ့ရာ နေအိမ်(၂)၊ အဖီတဲ(၁)၊ ဗင်ကား၊ ဆိုင်ကယ်တို့ မီးဘေးသင့်ခဲ့ပြီး မီးစတင်လောင်သောအိမ်မှ အသက် (၈၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။

မတ်လ (၁၆)ရက်ကလည်း မန္တလေးမြို့  ၊ ၇၈ လမ်းပေါ်ရှိ 78 Shopping Centre မြေအောက်ထပ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း (၃၀)ခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ဗမာပြည်တွင်းမီးလောင်မှုအများစုအနက် ပြည်သူလူထု၏ ပေါ့ဆမှုကြောင့် မီးလောင်ရခြင်းထက် အချိန်မှန်မှန်မလာဘဲ စိတ်ကူးပေါက်မှ ထ၊ ထ လာတတ်သော (ဗမာအစိုးရ၏) အရူးထ လျှပ်စစ်မီးကြောင့် မတော်တဆဖြစ်ကာ လောင်ကျွမ်းရသော မီးလောင်မှုများက ပိုမိုများပြားကြောင်း လေ့လာတွေ့  ရှိရပါသည်။

ညိုကြီး

Advertisements

1 Comment »

  1. ရို့မီးဖြစ်ဖို့များတယ် ။သမိုင်းခြေရာတွေကိုလည်း သူတို့ဖြောက်မယ် ပြည်သူတွေကိုလည်း အာရုံလွဲမယ်ဒါသူတို့ လုပ်နေကြအလုပ်ပဲ ။ ပြည်သူတွေကို ဒီကိစ္စ ရှင်းရှင်းလင်းလင်းသိအောင် လုပ်ရမယ် ။

    Comment by mosesblack — March 21, 2010 @ 11:13 am


RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: