News, Art and Ideas For Burma

April 17, 2010

Another ThinGyan Bombs Blasts at MyitSone Dam Project

Filed under: Bombs, OTHERS' NEWS — Nyo Gyi @ 12:27 pm
သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းတွင်
ကချင်ပြည်နယ်၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၌ ဗုံးများပေါက်ကွဲ

သင်္ကြန် အကြတ်နေ့ (၁၅၊ ဧပြီ၊ ၂၀၁၀ ခုနှစ်) နေ့ခင်း ရန်ကုန် X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲခဲ့တဲ့ ဗုံးသုံးလုံးအကြောင်း ပြောကြလို့မပြီးသေးခင် ယနေ့ သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့ (၁၇၊ ဧပြီ၊ ၂၀၁၀) မှာ ကချင်ပြည်နယ်၊ မြစ်ဆုံအရပ်ဒေသ၌ ဗုံးများ ထပ်ကွဲပြန်ပါပြီ။

တရုတ်၊ ယူနန်ပြည်နယ် လျှပ်စစ်မီးပေးရေးအတွက် ရည်ရွယ်ဦးတည်ကာ ဧရာဝတီမြစ်အစ မေခ၊ မလိခမြစ်ဆုံကို ခွ၍ ဆောက်လုပ်နေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၌ သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့ (၁၇၊ ဧပြီ၊ ၂၀၁၀ ခုနှစ်) နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၄)ဦးခန့် သေဆုံးခဲ့ပြီး (၁၂)ဦးခန့် ဒဏ်ရာရရှိသွားကြောင်း http://www.kachinnews.com နှင့် အခြားသတင်းအေဂျင်စီများအရ သိရှိရသည်။ Asia World Company အဆောက်အဦး၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအများစုမှာ တရုတ်လုပ်သားများဖြစ်သည်ဟု သိရသည်။ ဗုံးများဆက်တိုက်ပေါက်ကွဲမှုကြောင့် လုပ်ငန်းသုံး ဘူဒိုဇာများ၊ ထရပ်ကားများစွာ ပျက်စီးသွားသည်ဟု သိရပြီး ဆုံးရှုံးမှုပမာဏအသေးစိတ်ကို မသိရှိရသေးပါ။ ဒေသခံ ကချင်လူမျိုးများကို ဒုက္ခရောက်စေမည့် အဆိုပါ မြစ်ဆုံစီမံကိန်းမှာ ဗမာပြည်ဘက်မှ Asia World Company, အမှတ်(၁)လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊ တရုတ်ပြည်ဘက်မှ China Power Investment Corporation (CPI) တို့ ပူးပေါင်း တည်ဆောက်နေသော စီမံကိန်းဖြစ်သည်။ အဆိုပါ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ကချင်လူထု၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုများ ၀ိုင်းဝန်းကန့်ကွက်နေသည့်ကြားမှပင် စစ်အဆိုးရက ဇွတ်အတင်း တည်ဆောက်နေသော စီမံကိန်းတစ်ခုလည်းဖြစ်သည်။

နှစ်ဆန်းတစ်ရက်နေ့ မြစ်ဆုံ ဗုံးသတင်းများ

Four killed, 12 injured in bomb blasts in Irrawaddy-Myitsone dam site
http://www.kachinnews.com/News/Four-killed-12-injured-in-bomb-blasts-in-Irrawaddy-Myitsone-dam-site.html

Bomb blasts hit dam project
http://www.straitstimes.com/BreakingNews/SEAsia/Story/STIStory_515792.html

Explosions reported at hydropower project in northern Myanmar
http://www.monstersandcritics.com/news/asiapacific/news/article_1548895.php/Explosions-reported-at-hydropower-project-in-northern-Myanmar

Series of bomb blasts hit hydropower plant project in Myanmar
http://wireupdate.com/wires/3121/series-of-bomb-blasts-hit-hydropower-plant-project-in-myanmar/




Map of Dams in Burma – http://www.burmariversnetwork.org/

Irrawaddy Mytisone Dam Specifications
(From http://www.burmariversnetwork.org/dam-projects/irrawaddynmaimali.html)
Height: 152 meters
Installed capacity: 6,000 MW
Annual production: 16,634 Gwh

About MyitSone Dam
http://en.wikipedia.org/wiki/Myitsone_Dam

Black day for Burma’s Irrawaddy: junta ministers host Myitsone dam “celebration”
http://www.burmariversnetwork.org/actions/press-releases/23-press-releases/280-black-day-for-burmas-irrawaddy-junta-ministers-host-myitsone-dam-celebration.html

2 Comments »

  1. "အပြစ်မဲ့ အရပ်သားတွေ ဓားစားခံဖြစ်ရတဲ့ ဘယ်လို အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုမဆို ကျနော်တို့ကတော့ ရှုတ်ချပါတယ်။ စုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်တွေ၊ ဘာတွေ ထွက်ပေါ် လာမလဲဆိုတာပဲ ကျနော်တို့ စောင့်ကြည့်သွားရမှာပါ။" (အမေရိကန် နိုင်ငံခြား ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က မနေ့က အခင်းဖြစ်ပွားပြီး နောက်မှာပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။)အစိုးရ အနေနဲ့  ဗုံးပေါက်တဲ့ သတင်းကို မြန်မြန် ဆန်ဆန်ထုတ်တာကို အစိုးရကို လက်ညိုး ထိုးချင်ကြ သေးတယ် ထွက်ပေါက်မရှာဘဲ ဖောက်ထွက် လိုသူတို့  သူသေကိုယ်ရှင် တိုက်ပွဲဝင်လိုသူတို့  အစိုးရကို ထိပ်တိုက်ရင်ဆိုင်ဖို့  လုပ်နေသူတို့  အသံတိတ် နေတာကို စဉ်းစားမိကြရဲ့ လား။ပြည်သူကို ကာကွယ်လိုတဲ့ အစိုးရ အနေနဲ့  ဒီလို ဗုံးပေါက်တဲ့ သတင်းကို မြန်မြန် ဆန်ဆန်ထုတ် မှ တစ်ခြား မြို့ တွေ လဲသိပြီး ပြည်သူတွေ ကြိုတင် အကာအကွယ် ယူနိုင် သတိထားနိုင်မှာပေါ့။ ဗုံးပေါက်တာနဲ့ ခဏတွင်းမှာ ပြည်ပ မီဒီယာတွေကို ပြည်တွင်းက သတင်းပို့ ဖုန်းဆက်တာနဲ့ ပြည်ပက အကုန် သိပါတယ်။ အစိုးရ သတင်းမထုတ်ခင် အယ်လ်ဂျာဇီးယား က ညနေ ငါးနာရီခွဲမှာ ဗုံးကွဲတယ်၊ ဒါဇင်နဲ့ချီပြီး ထိခိုက်တယ်လို့ လွှင့်သွားတယ်။ အဲဒီအချိန်မှာ မြန်မာပြည်သူ အကုန်တောင် မသိသေးဘူး။ အစိုးရကို ထိပ်တိုက်ရင်ဆိုင်ပြီး တော်လှန်ဖို့  လုပ်ဆောင် နေကြတဲ့သူတွေ အနေနဲ့ ကတော့ ဒီလိုဖြစ်ရပ်မျိုးကို ဘယ်ကန့် ကွက်ကြမလဲ။ သင်္ကြန်ဗုံးကွဲတဲ့ ကိစ္စကိုတောင် ဝမ်းနည်းကြောင်း ကြေငြာချက်တောင် မထုတ်နိုင် လောက်အောင် ဒီကိစ္စကို နှေးကွေး နေကြတာ ဘာသဘောလဲ။ အကြမ်းဖက်မူ နဲ့ အကြမ်းဖက်သမား နဲ့ တစ်သားတည်းလား။ အကြမ်းဖက်မူ နဲ့ အကြမ်းဖက် သမားတို့  လုပ်ရပ် ဟာ မကောင်းဘူး၊ ရှုတ်ချဖို့  လိုတယ်ဆိုတာ ကော်မန့် တွေ ဝေဝေဆာဆာ မပေးကျပါလား၊ ထွက်ပေါက်မရှာဘဲ ဖောက်ထွက် လိုသူတို့  သူသေကိုယ်ရှင် တိုက်ပွဲဝင်လိုသူတို့  အသံတိတ် နေကြပါလား။ မီဒီယာ တွေကလဲ အင်တာဗျူး မလုပ်ကျတော့ဘူးလား

    Comment by Tun Lin — April 17, 2010 @ 5:22 pm

  2. How much ve u got for this post, Tun Lin? No Brain. Dumpfull.

    Comment by Cho — April 19, 2010 @ 9:52 am


RSS feed for comments on this post. TrackBack URI

Leave a reply to Tun Lin Cancel reply

Blog at WordPress.com.