News, Art and Ideas For Burma

May 3, 2010

I Don’t Want The Bloody Buma

Filed under: OTHERS' WRITINGS, UNITY IS STRENGTH — Nyo Gyi @ 11:03 am
သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီစေချင်

မြန်မာပြည်က ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်တွေဟာ သက်ဦး
ဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆလို့ရနိုင်ပြီး ဒီကနေ့အထိလည်း စဉ်ဆက်မပြတ်
သက်ရောက်နေသေးကာ လူတန်းစားအဆင့်ဆင့် တုံးအောက်ကဖားတွေလို ပြားနေကြရတာ
ခံစားတတ်သူ့ ပုထုဇဉ်တွေအတွက်တော့ စိတ်မကောင်းစရာပါ။

အသက်၊ သွေး၊ ချွေး နဲ့ မျက်ရည်ပင်လယ်တွေလည်း ဝေနေခဲ့ကြရတာ ထောင်စုနှစ်တစ်ခုတောင်
ပြည့်ဖို့ သိပ်မလိုတော့ပါဘူး။ ဝမ်းနည်းကြေကွဲစရာ၊ ခံပြင်းဒေါသထွက်စရာ၊ အံသြတုန်လှုပ်စရာ
တွေနဲ့ ရှက်ရွံ့စရာတွေ မရေတွက်နိုင်လောက်အောင်ပဲ ဖြတ်သန်းခဲ့ပြီးပေမယ့် မက်စရာ လုပ်ပိုင်ခွင့်
အာဏာနဲ့ (လူထုဘဝမှာ အခရာကျတဲ့) သတင်းကဏ္ဍကို ချုပ်ကိုင်ချယ်လှယ်ပြီး “တိုင်းပြည်
အတွက်” ဆိုတဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားဟောင်းကိုဆက်ဖွင့်ရင်း လိုရာကိုဆက်ဆွဲ နေခဲ့ကြတာလည်း အဆုံးဆိုတာ မမြင်နိုင်လောက်အောင်ပါ။

“သောင်းကျန်းသူ၊ သူပုန်” တွေလို့ နာမည်တပ်ပြီး မိသားစုတွေ အားလုံးနဲ့ပေါင်းမှ ၃-၄ ထောင်
လောက်သာသာ အရေအတွက်ရှိတယ်လို့ ဆိုတဲ့တိုင်းရင်းသားအဖွဲ့တွေဟာ ဒီကနေ့အထိ
“စွမ်းစွမ်းတမံ ချေမှုန်း” ခံနေခဲ့ကြရတာတောင် လျော့မသွားပဲ ပိုတိုးလာခဲ့ကြတာ “ဆန်းကျယ်တယ်”
လို့များ ဆိုကြရလေမလား။ မဟုတ်ရင်လည်း ဝါဒဖြန့်ချီရေးတွေရဲ့ မအောင်မြင်တဲ့လုပ်ဇာတ်တစ်ခု
ဖုံးလို့မရ ဖိလို့မနိုင် ဖြစ်သွားခဲ့လား။

“ရဲသော်မသေ သေသော်ငရဲမလား” သံပြိုင်သီချင်းတွေဆိုပြီး အစီး ၃-၄၀ သော ကားတန်းတွေနဲ့
“တရားသောစစ်” ကိုဆင်နွဲဖို့ ထွက်သွားရာက ၄-၅ စီးလောက်နဲ့ ချောက်ချက်ဖြစ်နေတဲ့ စစ်သည်
တွေ ပြန်တင်လာတဲ့ အပြန်ခရီးတွေကို မြို့ကြီးများပေါ်က အသွားတုံးက အောင်သပြေနဲ့ ပန်းကုံး
တွေ စွပ်ပေးခဲ့သူများ မမြင်မိကြတာလား၊ မဟုတ်ရင်လည်း မမြင်ချင်ကြတာလား။

နှစ်စဉ်ထောင်နဲ့ချီတဲ့ တိုက်ပွဲတွေနဲ့ မရေတွက်နိုင်တဲ့ အသက်ဆုံးရှူံးမှုတွေဟာ တနိုင်ငံလုံး ဆင်းရဲ
ချွတ်ခြုံကျမှုနဲ့ အမုန်းတွေပြည့်လျှံနေတဲ့ သောင်း၊ သိန်းမကတဲ့ စိတ်နှလုံးတွေကို မွေးထုတ်ပေးဖို့
အာမခံချက်တွေပါ။

“သူပုန်တွေက ရဲဘော်တွေကို သေနတ်နဲ့တောင်မပစ်ပဲ လက်ဗလာနဲ့တင် တက်ဖမ်းကြတယ်” ဆိုတဲ့
သတင်းမျိုးတွေဟာ တိုင်းရင်းသားတွေမှာ ဘယ်လောက်အထိ အမုန်းတရားတွေ လောင်မျိုက်
အောင် အလုပ်ခံခဲ့ကြရသလဲဆိုတာ တွေးမိနိုင်ဖို့ အကြောင်းရင်းတစ်ခု ဖြစ်မလာနိုင်ရင်တော့လည်း အနာဂါတ်ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်သိပ်မရှိနိုင်ပါ။

မြို့ပေါ်မှာ လမ်းမတွေပေါ် ပင်ပင်ပန်းပန်း ဝမ်းစာဖွေရှာ စားနေကြရချိန်မှာ၊ တောထဲကမောင်နှမ
တွေဟာ အကြောက်တရားအပြည့်နဲ့ သစ်ဥသစ်ဖုတွေ ရှာဖွေစားနေကြရတာ သိစေလိုပါတယ်။

ရပ်ကွက်ထဲ အချို့သောမိခင်တွေ သူတို့ရဲ့ စစ်ထွက်သားမောင်များအတွက် အပူသောကတွေဝေနေ
ချိန်မှာ ဟိုအဝေး တောင်ကုန်းပြာပြာတွေပေါ်က အမှောင်ထဲမှာ စမ်းတဝါးဝါး တစ်တီတူးများလို
မလုံခြုံတဲ့စိတ်နဲ့ ပုန်းအောင်းအိပ်စက်နေရသူတွေက ဒုနဲ့ဒေးပါ။ ဆေးပေးခန်းမှာ စုတ်ပြဲနေတဲ့
ငွေစက္ကူတွေနဲ့ လူတစ်ချို့ စောင့်ဆိုင်းနေကြရချိန်မှာ သစ်ပင်၊ ဝါးပင်အောက် စမ်းရေကိုဆေးလုပ်
သောက် နေကြသူတွေ မရေတွက်နိုင်လောက်အောင်ပါပဲ။

ဒါတွေဖြစ်အောင် ဖန်တီးခဲ့ကြသူတွေအတွက် သာယာယစ်မူးမှုတွေ ရရှိနေကြသလား မသေချာ
ပေမယ့် အကျိုးဆက်တွေကို ကိုယ်တိုင်ခံစားနေရသူတွေအတွက်တော့ စက္ကန့်တိုင်း၊ မိနစ်တိုင်းဟာ
လောကငရဲထဲက အချိန်ကာလတွေပါ။

ခုချိန်မှာ တနိုင်ငံလုံး သံသယရှိစရာ ဗုံးတွေပေါက်နေတာ ကြားလာကြရပြန်ပါပြီ်။ စစ်ရေးပြင် တိုက်ပွဲ
ခေါ်သံတွေဆိုတာ ထပ်ပြီးပြောပြစရာတောင် လိုတော့မယ် မထင်ပါ။

ပြတ်ပြတ်သားသား ပြောချင်တာကတော့ “ဒီရူးသွပ်မှုတွေကို ရပ်တန်းက ရပ်လိုက်ကြ
ပါတော့” ဆိုတာပါပဲ။

တောင်းပန်မေတ္တာရပ်ခံနေတာ မဟုတ်ပါ၊ မသိနိုင်လောက်အောင် အမြင်ပိတ်ပိန်းနေသူတွေ သတိ

ဝင်စေဖို့နဲ့ ဒီဖြစ်စဉ်ကြီးကို ရပ်တန့်အောင်လုပ်ဖို့ တတ်စွမ်းနိုင်သူများကို တောင်းဆိုနေတာပါ။
သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီပါစေနဲ့တော့။

မန်းကိုကို
၂၉၊ ၀၄၊ ၂၀၁၀

http://mahnkoko.blogspot.com/

Advertisements

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.

%d bloggers like this: