
အောင်ဆန်း
ညိုကြီး
================
http://tandemantiques.com/wp-content/uploads/2010/02/calendar3.jpg
အောင်ဆန်း
ညိုကြီး
================
http://tandemantiques.com/wp-content/uploads/2010/02/calendar3.jpg
ဗိုလ်ချုပ်အောင်ဆန်း၏ (၉၇)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ
![]() |
From Burmese Martyrs |
![]() |
From Burmese Martyrs |
From San & Suu |
တရုတ်မှ မြန်မာပြည်သို့ ဒေသစာရီကြွချီလာသော ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်၌ ၁၆ ရက်၊ ရန်ကုန်၌ ၁၆ ရက် ကြာ အပူဇော်ခံပြီးနောက် ယခုအခါ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၌ (၈၊ ၁၂၊ ၂၀၁၁) မှ (၂၃၊ ၁၂၊ ၂၀၁၁) ထိ ၁၆ ရက်ကြာ အပူဇော်ခံလျက်ရှိပါသည်။
ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်ရာ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၏ မြောက်ဘက်တွင် ဗုဒ္ဓမြတ်စွယ်တော်ပုံတော်၊ စာအုပ်စာတမ်းများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD များ၊ မူဗီကလစ် VCD များ သူ့ထက်ငါ အပြိုင်ရောင်းချလျက်ရှိပါသည်။
From San & Suu |
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ၁၅၀၀ ကျပ်ထိ ဈေးအမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် ရောင်းချနေပြီး မိန့်ခွန်း VCD/CD များနှင့် မူဗီကလစ် VCD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့် ရောင်းချကြောင်း တွေ့ရသည်။
From San & Suu |
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD၊ မူဗီကလစ် VCD များ ရောင်းသူဈေးသည်များမှာ ၂၀ ယောက်ကျော်မက ရှိပြီး အ၀ယ်လိုက်လျက် ရှိကြောင်းလည်း သတင်းရရှိပါသည်။
ညိုကြီး
ဆန်း နှင့် စု
ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်
(16.12.2011)
From San & Suu |
HIV/AIDS Prevention and Care Sector မှ ထုတ်ဝေဖြန့်ချိသော ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်အား တစ်ခုလျှင် ၃၀၀၀ ကျပ်နှုန်းနှင့် ဗမာပြည်တွင်း၌ ရောင်းချလျက်ရှိပါသည်။
(အထက်က ဓာတ်ပုံမှာ မန္တလေး၊ ၆၆ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ဂျာနယ်အရောင်းဆိုင်တစ်ဆိုင်တွင် ဒေါ်အောင်ဆန်းစုကြည်ပြက္ခဒိန်များ ရောင်းချလျက်ရှိသည်ကို တွေ့မြင်ရပုံဖြစ်ပါသည်)
From San & Suu |
အထက်ပါ ပြက္ခဒိန်အား ဆက်သွယ်ဝယ်ယူရန်-
HIV/AIDS Prevention and Care Sector
အမှတ် (၃၇၆)၊ ကမ္ဘောဇ(၂)လမ်း၊ ၁၈(ခ)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကုန်။
အမှတ် (၆၃၁)၊ ၁၁ – လမ်း၊ ၇ – ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ဖုန်း – ၀၉ ၅၀၂၄၀၅၆၊ ၀၉ ၅၀၅ ၃၈၀၅၊ ၀၁ – ၅၆၉၃၄၆
Email: maylin1989@gmail.com, thrimyanmar24@gmail.com
——————————————————-
မန်းက ကထိန်ဘုရားပွဲများမှာ ဆန်း နဲ့ စု ပိုစတာများ အပြိုင်လှူဒါန်း
(၁၃၊ ဒီဇင်ဘာ၊ ၂၀၁၁)
From San & Suu |
မန္တလေးမှာ နှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာလများရောက်ရင် ရပ်ကွက်အလိုက် ကထိန်ပွဲ၊ ဘုရားပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ့ရှိပါတယ်။ အဲဒီ ကထိန်ပွဲ၊ ဘုရားပွဲများမှာ မဏ္ဍပ်ထိုးကာ ဘုရားနဲ့ ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းဖို့ အလှူရှင်များရဲ့ လှူဒါန်းမှုအစုစုကို ပြသထားတတ်တဲ့ ဓလေ့မျိုးလည်းရှိပါတယ်။
From San & Suu |
ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း မန်း ရပ်ကွက်အလှူပွဲများက အလှူပြ မဏ္ဍပ်များမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပိုစတာများကို ငွေကြေးအလှူဒါနများနဲ့ တွဲပြီး လှူဒါန်းလာကြတာတွေ့ရပါတယ်။
၂၇ လမ်း၊ ၇၇ လမ်းနှင့် ၇၆ လမ်းကြားမှာ ခင်းကျင်းပြသခဲ့တဲ့ ရပ်ကွက်အလှူပွဲတစ်ခုရဲ့မဏ္ဍပ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပိုစတာများချည်း ချိတ်ဆွဲထားတာမျိုးတောင် ရှိတယ်လို့ မြင်တွေ့ခဲ့ရတဲ့ မန်းကဗျာဆရာတစ်ဦးက ညိုကြီးကို ပြောကြားခဲ့ပါတယ်။
အပေါ်က ပုံကတော့ (၁၁၊ ဒီဇင်ဘာ၊ ၂၀၁၁)ညမှာတွေ့ရတဲ့ မန္တလေး၊ ၂၇ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက ရပ်ကွက်အလှူပွဲရဲ့ မဏ္ဍပ်က ပုံတွေဖြစ်ပါတယ်။
——————————————————-
မန္တလေးညဈေးတန်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်
(29, Nov, 2011)
![]() |
From San & Suu |
မန္တလေး၊ ၈၄ လမ်း၊ ၂၆ လမ်းနှင့် ၂၉ လမ်းကြား၊ ညဈေးတန်းမှာ ရှိတဲ့ ပိုစတာအရောင်းဆိုင်များမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဓာတ်ပုံ ဗွီနိုင်း ပိုစတာများရောင်းချနေတာ တွေ့ရတာဖြစ်ပါတယ်။
![]() |
From San & Suu |
ဆန်းနဲ့ စု ဗွီနိုင်းပိုစတာများကို ကျပ်ငွေ ၅၀၀ မှ ကျပ်ငွေ ၂၅၀၀ အထိ ဈေးနှုန်းများ သတ်မှတ်ရောင်းချနေပြီး ရောင်းအားကောင်းလျက်ရှိကြောင်းလည်း သိရပါတယ်။
ညိုကြီး
——————————————————-
(Nyo Gyi တင်ထားသော Video Clip နှင့် ဓာတ်ပုံများကို
www.facebook.com/nyogyi
(or)
https://www.facebook.com/media/albums/?id=100000008066345
တွင်လည်း အားပါးတရ ကြည့်ရှုနိုင်ပါသည်)
(“တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” ဟူသော ဆိုင်းဘုတ်တပ်ထားပြီး နိုင်ငံအပေါ်၊ ပြည်သူများအပေါ်နှင့် ဘ၀တူ တပ်မတော်သား(ဇာတ်တူသား)အချင်းချင်းအပေါ် သစ္စာဖောက်နေကြသည့် လက်ရှိ သက်ကြားအို တပ်မတော်ခေါင်းဆောင်ဆိုသူများကို ဖြုတ်ချတော်လှန်ကာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ်မြန်မာ့ တပ်မတော်သားများအနေဖြင့် တပ်မတော်ကို အသစ်တဖန် ပြန်လည် ပြုပြင်ဖွဲ့စည်းသင့်ကြောင်း အကြံပေးထားသည့် ချေဗားမား ၏ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါသည်။ – ဘလော့ဂ်အယ်ဒီတာ ညိုကြီး)
နယ်ချဲ့လွတ်လပ်ရေးတိုက်ပွဲအတွင်းက မွေးဖွားအခြေခံလာခဲ့သော၊ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ရဲဘော်သုံးကျိပ် စတင် တည်ထောင်လာခဲ့သော ဘီအိုင်အေမှ အစပြုသည့် မြန်မာ့တပ်မတော်၏ အစဉ်အလာသည် ယနေ့အခါသမယ၌ ပြုပြင်မရလောက်အောင် ချွတ်ခြုံကျ၊ ယိုယွင်းနေချေပြီလော။
နေ၀င်း၊ သန်းရွှေတို့၏ ကလိန်ကျ၊ ကိုယ်ကျိုးရှာ၊ အတ္တကြီး၊ အာဏာရှင်ဆန်မှုတို့ကြောင့် ပေါ်ပေါက်လာခဲ့ရသော တပ်မတော်အတွင်း ဖြုတ်၊ထုတ်၊သတ် ဇာတ်လမ်းမျိုးစုံကို လူအများ ကြားသိတွေ့မြင် ခဲ့ရပြီးချေသည်ကား သေချာပေ၏။ အနီးစပ်ဆုံးဥပမာများကား အထင်အရှားရှိ၏။ နေ၀င်းကာလကို အသာထားဦး။ သန်းရွှေကာလမှာပဲ စောမောင်၊ တင်ဦး၊ ခင်ညွန့်နှင့် တပည့်များ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည် မဟုတ်လော။
တပ်မတော်အတွင်း ဗိုလ်များသာ တိုးလာပြီး စစ်သားရှားပါး၊ ထွက်ပြေးမှုများ မကြာခဏကြုံတွေ့နေရရုံမျှသာ မကသေး။ ယနေ့တပ်မတော်အရာရှိကြီးကြီးမာစတာတို့၏ စိတ်ဓာတ်၊ စည်းကမ်းများမှာလည်း အဆိုးဖက်သို့ ဦးတည်နေသည်ကား ဆက်လက်ဖော်ပြမည့် အကြောင်းအရာများက သက်သေခံနေပေပြီ။
စော၊တင်၊ညွန့်တို့ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည့်နည်းတူ ယနေ့အခါတွင်လည်း တပ်မတော်အရာရှိ ကြီးကြီးမာစတာချင်း ဖြုတ်၊ထုတ်၊ဖမ်း လုပ်နေကြပြန်သည့် ဇာတ်လမ်းများမှာ ယခုအခါ မကြားချင်အဆုံး ဖြစ်နေပေသည်။
-မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ်ဖုန်းဇော်ဟန် ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း…
(၄င်းမှာ လက်ရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ရန်ဘက်ကြီးဖြစ်သည် ဆို၏ ။)
(မှတ်ချက်။ ။ ဖုန်းဇော်ဟန်၊ ရဲမြင့်တို့မှာ တပ်မတော်မှ ထွက်ထားသူများဟု မည်သို့ပင် အသံဟစ်ထားစေကာမူ ၄င်းတို့ကို ၄င်းတို့၏ ရှိရင်းစွဲ တပ်မတော်အဆင့်အတန်းအတိုင်း အာဏာပေးထားသည်ကို ငြင်းဖွယ်မမြင်ပေ။ ဥပမာ – သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ ကျော်ဆန်း၊ ခင်ရီ အစရှိသူတို့သည် လက်ရှိတိုင် တပ်မတော်အပေါ် သြဇာညောင်းနေပေဘိသကဲသို့။)
-ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ(ယခင် မန္တလေးတိုင်းမှူး)၊ ဗိုလ်ချုပ်ထွန်းသန်း(ရန်ကုန်တိုင်းတိုင်းမှူး)တို့လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း…
-ဗိုလ်ချုပ်ကျော်ဖြိုး(ယခင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး)လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီ ဆိုသည့်သတင်း…
စသဖြင့်.. စသဖြင့် ။
ဖြုတ်၊ထုတ်၊ဖမ်း သတင်းများကား စိတ်မချမ်းမြေ့ဖွယ်ကောင်းလောက်အောင် ကြားနေရပြန်ချေပြီ ။ မြန်မာ့တပ်မတော်၏ အစဉ်အလာကို အပြိုင်ကိုယ်ကျိုးရှာတမ်း၊ အာဏာလုတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ် တမ်းကစားနေကြရင်း ချိုးဖျက်နေကြပြီလော။
ကျွန်တော်သည် ပြည်တွင်းမှာ နေထိုင်သော ပြည်တွင်းဖြစ် မြန်မာနိုင်ငံသား၊ ဗမာလူမျိုး စစ်စစ်တစ်ဦးဖြစ်ပြီး “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” စကားများနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ ယခုလို တပ်မတော်၏ အမိ၊ အဖ ဆိုသူများ အချင်းချင်း ကိုယ်ကျိုးရှာအာဏာလုစတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်း ကစားနေကြသည်ကို မြင်နေရ၍ လွန်စွာ စိတ်မကောင်းဖြစ်မိတော့သည်။
တပ်မတော်သားသည် တစ်သားတည်းရှိရမည်မဟုတ်လော။ ယခုတော့ ဘယ်သူ့လူ၊ ဘယ်ဝါ့လူခွဲကာ တစ်ဦးနှင့်တစ်ဦး ဦးရာလူချစတမ်းလုပ်တတ်သည့် ဓလေ့တစ်ခု မြန်မာ့တပ်မတော်မှာ စွဲနေလေပြီ။ တပ်မတော်အတွင်း အာဏာစင်ပြိုင်ထောင်သည့် ဓလေ့ဆိုးသည် အမြစ်တွယ်နေလေပြီ။ တပ်မတော်ကိုအသုံးချကာ နိုင်ငံရေးဖြတ်လမ်းလိုက်တတ်သည့် ဓလေ့သိုးသည် အနံ့ထွက်နေလေပြီ။ တပ်မတော်အရာရှိကြီးကြီးမာစတာ ကိုယ်တိုင်သော် လည်းကောင်း၊ ၄င်း၏ဆွေမျိုးတသိုက်သော် လည်းကောင်း တပ်မတော်အာဏာသုံး၍ စီးပွားရှာတတ်သည့် ဓလေ့မျိုးသည် ရိုးနေလေပြီ။
“ဘယ်သူကွဲကွဲ တို့မခွဲ အမြဲစည်းလုံးမည်” ဆိုသည့် စကားများနှင့် တည်ဆောက်ထားသယောင်ရှိသော တပ်မတော်သည် မည်သူမျှ ခွဲစရာမလိုဘဲ ခေါင်းဆောင်အချင်းချင်းကွဲပြီး အာဏာရှိုးပြပွဲ လုပ်နေကြပေရာ ရိုးသား ထက်မြက်စွာ နိုင်ငံ့တာဝန်ထမ်းနေသော လက်အောက်ခံ တပ်မတော်အရာရှိကြီးငယ်များနှင့် လက်ဝေခံစစ်သားများခမျာ စိုးတထိတ်ထိတ်၊ ရင်တဖိုဖိုနေရသည့် ဘ၀သို့ တမုတ်ဟုတ်ချင်း အမြဲတမ်းကျရောက်နေလေပြီ။ “ငါ့တော့ ဘယ်နေ့အတွယ်ခံရမလဲမသိဘူး” ဟူသော စိတ်နှင့် တပ်မတော်သားဘ၀ကို စိတ်ညစ်စွာ ဖြတ်သန်းနေရလေပြီ။
မြန်မာ့တပ်မတော်ကို အမြစ်ကလှန်၍ ပြုပြင်မွမ်းမံရန် လိုပေပြီ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုသော်ငြား ထိုသွေး၊ ထိုအသံ၊ ထိုအမိန့်သည် “ညစ်၊ အက်၊ မှား”၍ နေပေသည်ကို သိလျက်ကြီးနှင့် ပညာဥာဏ်၊ မျိုးချစ်စိတ်ကြီးမားသူ လက်အောက်/လက်ဝေခံ တပ်မတော်သားများက ဒီအတိုင်းလက်ပိုက်ခေါင်းငုံ့ပြီး ငြိမ်ခံနေကြဦးမည်လော။
သွေးဆိုးသွေးညစ်ကို ဖောက်ထုတ်ဖယ်ရှားကာ တပ်မတော်ကို အသစ်တဖန်မွေးဖွားဖို့ လိုပေပြီ။ တပ်မတော်မျိုးဆက်သစ်တို့အနေဖြင့် တပ်မတော်တော်လှန်ရေးကို အမြန်လုပ်ဖို့လိုပေပြီ။ တပ်မတော်ကို ဖြိုခွဲမည့်အကြံ ကျွန်တော်လည်း လက်မခံပါ။ စိတ်ဓာတ်၊ စည်းကမ်းပြိုကွဲနေသော တပ်မတော်ကိုမူ ပြန်လည်စုစည်း ပြုပြင်ကြပါဟုသာ တိုက်တွန်းလိုပေသည်။
အနာသိလျှင် ဆေးရှိသည်ဆိုသော်ငြား ဆေးနှင့် ဆေးကုပေးမည့်သူကား လိုပေသည်။ အနာကား ရင့်ချေပြီ။ သတ္တိရှိရှိ၊ ပညာဥာဏ်ကြီးကြီးနှင့် အနာကို အမြန်ဆေးကုကြပါတော့ဟုသာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ်မြန်မာ့တပ်မတော်သားများကို အလေးအနက်ထားကာ ဦးတည် ရေးသားလိုက်ရပေသတည်း။ ။
ချေဗားမား (Che Burma)
11:59 PM, 16.8.2011
“အာဇာနည်များကို ၄ နာရီကျော်ကြာ ငြိမ်သက်ဂါရ၀ပြုတဲ့ မန္တလေးက ကိုခင်မောင်ရီ” ရဲ့ ဗွီဒီယိုဖိုင်ဒေါင်းလုပ်လင့်ခ်ပါ။
Mediafire Download Link;
http://www.mediafire.com/file/eu64cua5sm1k2kv/19%20July%202011%20at%20Mdy.mpg
သူ့သတင်းအသေးစိတ်ကိုတော့
http://bigbbrown.blogspot.com/2011/07/www.html
မှာဖတ်ပါ။
(www.facebook.com/nyogyi မှာလည်း ဗွီဒီယိုဖိုင်ရော၊ သတင်းစာသားပါ တင်ထားပါတယ်။)
အာဇာနည်များကို ၄ နာရီကျော်ကြာ ငြိမ်သက်ဂါရ၀ပြုတဲ့ မန္တလေးက ကိုခင်မောင်ရီ
သူ့ရှေ့က သံတိုင်တန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကိုးဦးပုံပါ ဂျာနယ်မျက်နှာဖုံးတစ်ခုချိတ်ဆွဲထားပြီး ပန်းစည်းများနဲ့ ပူဇော်ထားပါသေးတယ်။ သူ့မှာပါလာတဲ့ အမွှေးတိုင်တွေကိုတော့ မထွန်းဘဲ သူ့ရှေ့မှာ မီးခြစ်နဲ့အတူ ချထားခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်လက်ပတ် ပတ်ထားပါတယ်။
သူ့ပတ်လည်မှာ စိတ်ဝင်စားသူတွေက ၀န်းရံထားပါတယ်။ မီဒီယာသမားတွေနဲ့ ထောက်လှမ်းရေးဆိုသူတွေကတော့ မှတ်တမ်းတင်ကြပါတယ်။
သူဂါရ၀ပြုတာကိုမြင်ပြီး လမ်းသွားလမ်းလာထဲက အချို့ သူနဲ့အတူ အာဇာနည်များကို ၀င်ကန်တော့သွားတာလည်းရှိသလို အချို့သူတွေကလည်း သူနဲ့အတူ အာဇာနည်များကို ပန်းစည်းများချထားကာ ၀င်ရောက် ဂါရ၀ပြုသွားကြောင်းသိရပါတယ်။
ညိုကြီး
(အာဇာနည်များအား ကိုခင်မောင်ရီ ဂါရ၀ပြုပုံဗီဒီယိုကလစ်အား www.facebook.com/nyogyi မှာ တင်ထားပါမည်။)
>ဂီတမြတ်နိုးသူ ဗိုလ်ချုပ်အောင်ဆန်း နှင့် အင်္ဂလန်ခရီး
– တင်နိုင်တိုး –
(၂၀၁၁ ခုနှစ်၊ ဇူလိုင်လထုတ် ရနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)
>
ပြည်ထောင်စုအသံ
ပြည်ထောင်စုဆိုတာ…
အာဏာရှင်တွေက တစ်တိုင်းပြည်လုံးကို ထောင်လိုစုပြီး သိမ်းပိုက်ထားခြင်းလား
အမေစု ပြန်လည်တည်ထောင်ရမယ့် တိုင်းပြည်ကို ဆိုလိုသလား
ဖေဖော်ဝါရီ ၁၂…
လွန်ခဲ့သော ၁၉၄၇ ခုနှစ်က
ပင်လုံမှာ အောင်ဆန်း စုစည်းခဲ့တဲ့ စိတ်ဓာတ်
ကနေ့ ၂၀၁၁ ခုနှစ်မှာ အမေစု ပြန်လည်စုစည်းရမယ့် စိတ်ဓာတ် ။
တူနီးရှား၊ အီဂျစ်…
အာဏာရှင်တွေ လဲပြိုရတဲ့ ဒိုမီနိုဖြစ်စဉ်
တို့ဗမာပြည်ကို ခုချက်ချင်း လှမ်းဝင်ခဲ့ပါတော့
ပြည်ထောင်စုနေ့ ဖိတ်ခေါ်သံ
အာဏာရှင်တွေအတွက် တော်လည်းငလျင်သံ…။ ။
ညိုကြီး
၁၂၊ ဖေဖော်ဝါရီ၊ ၂၀၁၁
(၆၄ နှစ်မြောက် ပြည်ထောင်စုနေ့)
(၉၆ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁ ရက်အလို ရေးဖွဲ့သည်)
———————————————-
ပူးတွဲပါ ဓာတ်ပုံကို Ko Wild (http://www.facebook.com/ko.wild)ထံမှ ရယူပါသည်။
(ပုံကြီးမြင်ရရန် ပုံပေါ် ကလစ်နှိပ်ကြည့်ပါ)
ပြန်ပေးပါ
အဖေရေ …………………
အသွေးလဲရင့် ၊အသံလည်းရင့်တဲ့ အဖေ
ကျွန်တော်တို့ ပြည်သူတွေကို
သူ့ကျွန်အောက်က လွတ်ဖို့
ရဲရင့်တဲ့ ခွင်အားတွေပေးခဲ့တဲ့ အဖေ ။
အိမ်နံပါတ် ၂၀ ဒေါင်းနင်းလမ်း ဆိုတာ
အဖေ့ခြေလှမ်းတွေရဲရင့်ခဲ့တဲ့နေရာ ။
စည်းလုံးသော အင်းအားတွေဖြစ်ဖို့
ဖေဖဝါရီ ၁၂ ရက်ကို ဖန်တီးခဲ့တဲ့ အဖေ ။
ခေတ်တွေအပြောင်းမှာ
ကြက်ဆူရိုးနဲ့ သမိုင်းရေးတဲ့ကောင်တွေကြောင့်
အခုတော့
အဖေပေးခဲ့တဲ့ စစ်ပညာနဲ့
တလွဲဆံပင်ကောင်းနေလိုက်တာများ
ကျွန်တော်တို့ပြည်သူတွေရဲ့သွေးတွေ
ရဲပတောင်းကို ခတ်လို့ ။
တောင်တန်း မြေပြန့်
မကသေးဘူး
မြန့်မာ့မြေပုံကို တိတိပပ
ပုံဖော်ပေးခဲ့တဲ့ ၁၂ ဖေဖဝါရီ
ဖွတ်မေ့ မေ့လို့ ။
မြန်မာ့ရာဇဝင်မှာ
မဖျက်ကောင်းတဲ့ ၁၃ ဖေဖဝါရီ
အာဏာကို အငမ်းမရ
လုယက်နေတဲ့သူတွေကြားမှာ
ဘယ်မှာလဲ အဖေ့မွေးနေ့ ။
တစ်ခါတစ်လေတော့လည်း
ငါတို့အဖေဟာ
ရောင်းတန်းဝင် ပစ္စည်းဆန်ဆန်
ကျွန်တော်ရင်နာတယ် အဖေ ။
ဘာမှမဆိုင်တဲ့ စိန့်ဗာလင်တိုင်းရဲ့
၁၄ ဖေဖဝါရီကို ဇွတ်အတင်း
စည်ကားအောင် လုပ်တဲ့ကောင်တွေကို
မိစစ်ဖစစ် အော်ဟစ် ဆဲဆိုလိုက်ချင်တယ်
…………………………………၁၂ ၊ ၁၃
ငါ့ ဖေဖဝါရီကို ပြန်ပေးပါ ။ ။
BLACK
—————————-
(သခင်အောင်ဆန်း၏ ဓာတ်ပုံကို အင်တာနက်မှ ရယူပါသည်)