News, Art and Ideas For Burma

February 2, 2013

သန်းရွှေ အသုဘမှာ က ကြစို့

Filed under: MY WRITING — Nyo Gyi @ 7:37 pm
” သန်းရွှေ အသုဘမှာ က ကြစို့ “

သန်းရွှေကြီးဟာ သတိလစ်မေ့မျော (Coma) ရနေတယ်လို့ 
နီးစပ်ရာအသိုင်းအ၀ိုင်းတစ်ခုက ဆိုတယ်
နေပြည်တော်တပ်ထဲမှာ သူ့ကို ထား ထားတယ် ထင်ရတာပဲ
သန်းရွှေ သေရင် အဲဒီနေ့မှာ
ပြည်လုံးကျွတ် ဆိုင်းတီးပြီး
က ပစ်လိုက်ကြစို့။

သို့ပေမင့်…
ခုကတည်းက က ချင်ရင်လည်း က လို့ရနေပါပြီ
သေတာကို သူတို့
ချက်ချင်း သတင်းထုတ်ပြန်မှာ မဟုတ်ဘူးလို့ ထင်တယ်
က ထားပါ
ဒါမှမဟုတ် သတင်း စ ကြား ကြားရချင်း
က ပါ။

Nyo Gyi

3.Feb.2013

January 11, 2013

တကယ်တော့ ဦးကို ပိုင်တာ မီးပါ ဦးရယ်…

Filed under: MY WRITING — Nyo Gyi @ 12:30 pm

 “တကယ်တော့ ဦးကို ပိုင်တာ မီးပါ ဦးရယ်…”

ခင်ဗျားတို့က “ဦး” ကို “ပိုင်” တယ်လို့ ထင်နေတာကိုးဗျ။
တကယ်တော့ ဘယ်သူက ဘယ်သူ့  ကိုများ ပိုင်တာရှိလို့လဲ?
အိမ်သာချင်းကွာပေမဲ့ အိမ်သာတက်ရင် လူတိုင်း ဖင်လှန်ရတယ်။
(ပုဆိုး/ဘောင်းဘီထဲ ပါချသူများမှလွဲ၍)။
စားတဲ့အစားချင်း ကွာပေမဲ့ ထမင်းစားရင် လူတိုင်းရဲ့  အစာဟာ အဲဒီလူတိုင်းရဲ့  အူလမ်းကြောင်းတစ်ခုခုကို ဖြတ်ရတယ်။
(အစာမစားနိုင်၍ သွေးကြောမှတစ်ဆင့် ဓာတ်စာဖြည့်သွင်းရသူများမှ လွဲ၍)။
လူတိုင်းဟာ သန္ဓေတည်တဲ့အခါ ဖို+မ ဗီဇများ ပေါင်းစပ်ပြီးမှသာ လူဖြစ်ရတယ်။
လူတိုင်းဟာ သေရင် သေတာပဲ။

ကမ္ဘာပေါ်မှာ လူသား သန်း (၇)ထောင်ပြည့်ခဲ့ပြီတဲ့။ “လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့ စကား ဘယ်နားမှာမှ သွားထား၍ မရပါ။ အဲတော့ စိတ်အချင်းချင်း ရန်ဖြစ်ကြ။ လူအချင်းချင်း ရန်ဖြစ်ကြ။ အားကြီးသူက အားနည်းသူကို အနိုင်ယူကြ။ ထွေရာလေးပါး ပြောကြ။ တောင်းပန်ကြ။ ချစ်ကြ။ မချစ်ကြ။ ချဉ်ကြ။ မချဉ်ကြ။ ငိုကြ။ ယိုကြ။ ယိုသူမရှက် မြင်သူရှက်ကြ။ သေကြ၊ ကြေကြ။ ရှင်ကြ။ ဆန့်တငင်ငင်ဖြစ်ကြ။ အရေပြားတွေ မီးလောင်ကြ။ ရေနစ်ကြ၊ ဓာတ်လိုက်ကြ။ စေ့စပ်ကြ။ လက်ထပ်ကြ။ လမ်းခွဲကြ။ ချောင်ပိတ်ကြ။ နားရွက်ကို တံတွေးစွတ်ကြ။ အလံတွေ ထွင်ကြ။ အလံရှူးတွေ ဖြစ်ကြ။ သတင်းတွေ ပေးကြ။ တိုက်ပွဲဝင်ကြ။ လိုက်ပွဲဆင်ကြ။ အမှန်တရား (၇)ထောင်၊ အမှားတရား (၇)ထောင်အကြားမှာ ဗျာများကြ။ ကောင်းလိုက်ကြ။ မကောင်းလိုက်ကြ။ ဟာသတွေ လုပ်ကြ။ ပြီးတော့ ငိုနေပြန်ကြ။ ဖာသိဖာသာ နေကြ။ ကိုးကွယ်ကြ။ မကိုးကွယ်ကြ။ သင်္ချာတွေ တွက်ကြ။ ပထ၀ီတွေ ကျက်ကြ။ သမိုင်းတွေ မှိုင်းကြ။ ရိုင်းတဲ့အခါရိုင်း။ ယဉ်တဲ့အခါ ယဉ်။ တီထွင်ကြ။ ဖျက်ဆီးကြ။ ခံစားကြ။ စံစားကြ။ တန်ကြေးဖြတ်ကြ။ အလကားပေးကြ။ မူးတဲ့အခါ မူး၊ ရှူးတဲ့ အခါ ရှူး။ တိုးတဲ့ အခါ တိုးကြ။ ကျယ်တဲ့အခါ ကျယ်ကြ။ ငယ်တဲ့ အခါ ငယ်ကြ။ ကြီးတဲ့ အခါ ကြီးကြ။ ကေတီဗွီမှာ သီချင်းဆိုကြ။ မမာလည်း ဆတ်၊ မာလည်း ဆတ်ကြ။ လူအချင်းချင်း ငွေပေး ၀ယ်ကြ။ ကမ္ဘာပတ်ကြ။ စကြ၀ဠာပတ်ကြ။ “လ” ဆီ လည်ကြ။ ဂြိုဟ်တွေ ရှာကြ။ ဂျိုတွေ ထွက်ကြ။ ခွေ့ ကြ။ ခွေကြ။ မိဘကို ချစ်ကြ။ မိဘကို တရားစွဲကြ။ ကလေးမွေးကြ။ ကလေးပေးကြ။ ရှုပ်သလိုလိုနဲ့ ရှင်းကြ။ ရှင်းသလိုလိုနဲ့ ရှုပ်ကြ။ ကောက်ရိုးတစ်မျှင်မှာ အသက်ငင်ကြ။ လထဲမှာ ၀ါးလုံးခေါင်းသာကြ။ ကျော်ကြားကြ။ အကြော်ခံကြ။ အနာတွေရင်းကြ။ ယင်းထကြ။ သင်းကွပ်ကြ။ စော်ကားကြ။ ရောင်းဝယ်ခြင်းကို ၀ယ်ကြ။ လှီးဖြတ်ကြ။ အမြီးနန့်ကြ။ ပြင်းထန်ကြ။ နူးညံ့ကြ။ အမိန့်ပေးကြ။ အမိန့်ပေးခံကြ။ လွယ်ကြ။ မလွယ်ကြ။ အတောသတ်ကြ။ အတောမသတ်ကြ။ လူတွေအန်ကြ။ ငှက်အန်ဖတ်ကို လူတွေ ပြန်စားကြ။ သမင်စားရင်း ကျားမွေးကြ။

ကဲ တော်သေးပြီ …
မြန်မာ ဘောလုံးပွဲ ကြည့်ရဦးမယ်။ ရေးလို့ရတဲ့ အခါ ထပ်ရေးတာပေါ့ဗျာ။

တကယ်တော့ ဦးလည်း ဦးကို မပိုင်ဘူး။ မီးလည်း မီးကို မပိုင်ဘူး။ မီးကို ပိုင်တာ ဦးပါ မီးရယ်။ ဦးကိုပိုင်တာလည်း မီးပါ ဦးရယ်…။

ညိုကြီး

ည ၇ နာရီ ငါ့ဆယ့်သုံး
၃၀၊ နိုဝင်ဘာ၊ ၂၀၁၂

======================
http://www.kaungkin.com/index.php?option=com_content&view=article&id=930:eassy&catid=42:2009-04-17-01-31-38&Itemid=62 
တွင် ဖော်ပြခဲ့သော ကျွန်တော့် စာတစ်ပုဒ်ပါ။

December 28, 2012

အဓိက ကတော့ စနစ်ပဲ

Filed under: MY WRITING — Nyo Gyi @ 7:07 pm
” အဓိက ကတော့ စနစ်ပဲ “

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ မီဒီယာ၊ တပ်မတော်၊ ရဲ၊ NGO၊ ၀န်ထမ်း၊ ပုဂ္ဂလိကလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း…စသဖြင့်။

ဘယ်လောကမှာဖြစ်ဖြစ် စုန်းပြူးတို့၊ ငခုံးမတို့ဆိုတာ ရှိနေတာပဲ။ စုန်းပြူးကို ဖော်ထုတ်ဖို့၊ ငခုံးမကို ကုန်းပေါ်ပစ်တင်နိုင်ဖို့သာ လိုရင်းပဲ။ စုန်းမပြူးနိုင်အောင်၊ ငခုံး မ,မ နိုင်အောင် တရားဥပဒေရေးရာ ခိုင်မာတိကျရမယ်။ စီမံခန့်ခွဲမှုရေးရာ အားကောင်းရမယ်။ တန်အောင်ခိုင်းချင်ရင် ၀ အောင် ကျွေးထားဖို့ လိုမယ်။

အဓိက ကတော့ စနစ်ပဲ။ စနစ် မသေချာရင် အချစ်ဆိုတာမှာတောင် ‘အတု’ ပဲ သင်တို့ရရှိလိမ့်မယ်။

ညိုကြီး

November 6, 2012

ရန်ကုန်သွားမယ့် သူငယ်ချင်းသို့ အမှာပါးခြင်း

Filed under: MY WRITING — Nyo Gyi @ 9:32 pm
“ရန်ကုန်သွားမယ့် သူငယ်ချင်းသို့ အမှာပါးခြင်း”

သူငယ်ချင်းရေ…

ရန်ကုန်သွားမယ်ဆိုလို့ မှာလိုက်ဦးမယ်။ ညပိုင်း သတိနဲ့သွား။ သတိနဲ့ စား။
ရန်ကုန်မြို့ ထဲ ညဖက် ကားမောင်းမယ်ဆိုရင် ပြိုင်ကား ဒါမှမဟုတ် အုပ်စုလိုက် ပြိုင်မောင်းနေတဲ့ ကားတွေတွေ့ ရင် ခပ်ဝေးဝေးက ရှောင်၊ ကားပြိုင် မမောင်းမိစေနဲ့။
ကိုယ် ည ဖက် အပြင်ထွက်မယ်ဆိုတာနဲ့ ဦးသန်းရွှေတို့၊ ဦးမောင်အေးတို့၊ ဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့၊ ဦးခင်ရီတို့ ဒါမှမဟုတ် အာဏာရတစ်ဦးဦး ဒါမှမဟုတ် ခရိုနီအကြီးစားတစ်ဦးဦးရဲ့  ဆွေမျိုးသားချင်းတွေကို ပြောထား။ သူတို့နဲ့ ချိတ်ဆက်ထား။ သူတို့နဲ့ မခင်သေးရင် ခင်အောင်ပေါင်းထား။ သူတို့ ဖုန်းနံပတ်တွေ ယူထား။ ရန်ဖြစ်တော့မယ် ကြံရင် သူတို့အကူအညီကို ယူ။ သူတို့လူတွေကို တပ်ကူခေါ်။ ဒါဆို မင်း ဖြဲချင်တာ ဖြဲလို့ရပြီ။
🙂 😦

မျက်နှာမွဲ သူငယ်ချင်း၏ အသက်အန္တရာယ်ကို စိုးရိမ်စွာဖြင့်…

ညိုကြီး

October 9, 2012

လူလည်မသားများသို့

Filed under: MY WRITING — Nyo Gyi @ 4:32 pm
“ခင်ဗျားတို့ = လူလည်မသားများ”

ကျုပ် ရှင်းရှင်းပဲပြောမယ်။
ဒေါ်အောင်ဆန်းစုကြည်(NLD)မရှိလည်း ဘာမှမဖြစ်ဘူး။
(သူကအသက်ကြီးနေပြီလေ။ သူအသက်သေသည်အထိ ဗမာပြည်ကို လုံးဝမကယ်နိုင်အောင် ခင်ဗျားတို့လုပ်ထားဖို့ပဲ စဉ်းစားနေတာမဟုတ်လား)
ကိုမင်းကိုနိုင်(88)မရှိလည်း ဘာမှမဖြစ်ဘူး။
(သူ ဗမြန်မာပြည်ကို မကယ်နိုင်အောင် ခင်ဗျားတို့ ဆက်ပြီး ကြံကြဦးမယ်မဟုတ်လား)

သန်း ၅ဝ (ခု သန်း ၆ဝ မကသော) ဗမြန်မာပြည်သူတွေအတွက် အလုပ်လုပ်မယ့်သူေ

တွ တစ်ပုံကြီးရှိသေးတယ်ဆိုတာ အာဏာရှင်(အာဏာသေ)တွေ သဘောပေါက်သင့်တယ်။

ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုသူတွေရှိသလို
ဘယ်သူရှင်ရှင် ကိုယ်မမာရင် ပြီးရောဆိုသူတွေလည်း အပုံကြီးရှိသေးတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်သင့်ပါတယ်။

သွေးဆိုတာ မွေးမှမဟုတ်ဘူး။
သူ့အလိုလိုလည်း (ရွေးတတ်) တွေးတတ်တယ်ဆိုတာ
ခင်ဗျားတို့ သဘောပေါက်သင့်တယ်။

Nyo Gyi

October 6, 2012

Jade War in Burma (Myanmar)

Filed under: MY WRITING, Peace — Nyo Gyi @ 8:18 pm
အဖေပြောတဲ့ စကားကို သဘောကျမိတယ်။ တကယ်တော့ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲဆိုတာ တကယ်တော့ ” ကျောက်စိမ်း ” စစ်ပွဲ ပဲတဲ့။

May 15, 2011

>Do Thein Sein Forget His Real Father?

Filed under: DAYS TOPICS, MY WRITING, PHOTOS — Nyo Gyi @ 1:00 am

>အဖေမေ့ပြီး ပထွေးကို ဂါရ၀ပြုတဲ့ သိန်းစိန်

ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေးသွားသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်များ၏ အာဇာနည်ဗိမာန်တွင် ဂါရ၀ပြုလေ့မရှိခဲ့ဘဲ

အင်ဒိုနီးရှားရောက်သခိုက် အင်ဒိုသူရဲကောင်းဗိမာန်၌ အင်ဒိုသူရဲကောင်းများအား သိန်းစိန် ဂါရ၀ပြုနေစဉ်
(6, May, 2011)

ပထွေးဂါရ၀ပြု သိန်းစိန် ဓာတ်ပုံ- (10, May, 2011) ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၆)မှ

———————
သိန်းစိန်နည်းတူ အဖေကျော်ပြီး ပထွေးလွမ်းခဲ့ဖူးတဲ့ မောင်အေး

စစ်ကြံ့  ဖွတ်အာဏာရှင်များသည် ဆိုးသည့်မိုက်သည့် ကလိန်ကျသည့်အရာ၌ တစ်ဂိုဏ်းတည်း တစ်ဥာဏ်တည်း၊ စိတ်တူကိုယ်တူ ဆိုးဖော်မိုက်ဖက်များဖြစ်သည့်အားလျော်စွာ သိန်းစိန်၏ အာဏာရှင်စီနီယာဖြစ်သော မောင်အေးသည်လည်း ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေး

သွားသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်များ၏ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေမချခဲ့ဘဲ

(2008, October, 8) ရက်က ဘင်္ဂလားဒေ့ရှ်ရောက်သခိုက် ဘင်္ဂလားအာဇာနည်ဗိမာန်၌ လွမ်းသူ့  ပန်းခွေချခဲ့ဖူးပါသည်။

Reference:
“ကိုမောင်အေး တစ်ယောက် အဖေကျော်ပြီး ပထွေးကိုလွမ်းခြင်း” Ko Maung Aye Forgot His Real Father?
http://bigbbrown.blogspot.com/2008/10/ko-maung-aye-forgot-his-real-father.html

March 26, 2011

>The Reality of Myanmar National League(MNL) is To Make People Weak? – Article 3

Filed under: MY WRITING, SPORT — Nyo Gyi @ 2:56 pm

>

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော (၃)

ဒီဆောင်းပါးနဲ့ဆိုရင် မြန်မာ့ဘောလုံးနဲ့ပတ်သက်လို့ ကျွန်တော့်ဘလော့ဂ်မှာ ကျွန်တော်ရေးတဲ့ ဆောင်းပါး (၃)ပုဒ်ရှိသွားပါပြီ။
“MNL ဘောလုံးပြိုင်ပွဲများဖြင့် ပြည်သူတွေကိုသွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ပါ။
ဆောင်းပါး(၁)- http://bigbbrown.blogspot.com/2009/10/reality-of-myanmar-national-league-is.html
ဆောင်းပါး(၂)- http://bigbbrown.blogspot.com/2011/01/reality-of-myanmar-national-league-is.html

ဒီတစ်ခါရေးချင်လာတဲ့ အကြောင်းအရင်းကတော့ ကနေ့ မြန်မာပြည်က အိမ်ရှင်အဖြစ်လက်ခံကာ ကျင်းပနေတဲ့ AFC Challange Cup 2011 အတွက် ခြေစစ်ပွဲများမှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်ကို ၁း၁ ဂိုးနဲ့ သရေကျ၊ ဘင်္ဂလားဒေ့ရှ်ကို ၂းဝ ဂိုးနဲ့ ရှုံး၊ ယနေ့(၂၀၁၁၊ မတ်၊ ၂၅) – ပါလက်စတိုင်းကို ၃း၁ ဂိုးနဲ့ ထပ်ရှုံးပြီး ခြေစစ်ပွဲမအောင်တဲ့အပြင် အသင်းအတွင်း၊ အသင်းနဲ့ ပရိသတ်အကြား စည်းလုံးချစ်ခင်မှုတွေ ပိုမိုပြိုကွဲလာခဲ့ရတာကြောင့်ပါပဲ။

ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနဲ့ မြန်မာ့ဘော

ပြီးခဲ့တဲ့ ၂၀၁၁၊ မတ်လ(၁၅)ရက်နေ့က Goal Project အစီအစဉ်နဲ့ မြန်မာပြည်ကို လာရောက်မဲဆွယ်သွားတဲ့ ကမ္ဘာ့ဘောအဖွဲ့ချုပ်ဥက္ကဌ ဆပ်ဘလတ္တာဟာ မြန်မာ့ဘောအဖွဲ့ချုပ်ဥက္ကဌ ဇော်ဇော်နဲ့ အတိုင်အဖောက်ညှိကာ(ဇော်ဇော်နဲ့ ဘာတွေအပေးအယူလုပ်ထားသလဲမသိ) –
“MFF ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်၏ ဖိတ်ကြားမှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရခဲ့သည့် အတွက် ၀မ်းသာပီတိ ဖြစ်ရပါကြောင်း၊ ဂိုးပရောဂျက် အစီအစဉ်များဖြင့် အကောင်အထည် ဖော်ခဲ့သော အဆောက်အဦ၊ ဘောလုံးအကယ်ဒမီ အပါအ၀င် လူငယ်မျိုးဆက်သစ် ကစားသမားများကို အနာဂတ်အတွက် ပြုစုပျိုးထောင် လေ့ကျင့်ပေးနေမှုများမှာ ကျေနပ် အားရစရာကောင်းကြောင်း၊ တည်ဆောက်ဆဲ အားကစားကွင်းများမှာလည်း အလွန်ပင် အားရစရာ ကောင်းကြောင်းနှင့် အနာဂတ် မြန်မာဘောလုံး လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အခြေခံ အဆောက်အဦများ ဖြစ်ကြောင်း၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မြန်မာနေရှင်နယ်လိဂ်ဟု ခေါ်သည့် ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲကို ပေါ်ပေါက်လာအောင် ဦးဆောင် ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်မှုမှာ အလွန်ပင် ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း”… မြှောက်ပင့်ပြောဆို အသံကောင်းဟစ်ပြီး နောက်တစ်ကြိမ် ဖီဖာဥက္ကဌရာထူးအတွက် မဲဆွယ်ကာ ပြန်သွားခဲ့ပါတယ်။
(Ref: http://www.news-eleven.com/index.php?option=com_content&view=article&id=7592:2011-03-16-05-47-51&catid=42:2009-11-10-07-36-59&Itemid=112)

ခက်တာက လက်ရှိမြန်မာ့ဘောလုံးရပ်ဝန်းအခြေအနေ၊ ဇော်ဇော်တို့အခြေအနေကို မြန်မာပြည်သူများကလွဲပြီး ဘယ်သူကများ ပိုသိနိုင်ဦးပါ့မလဲ။

မြန်မာဘောအသင်း၏ ဂုဏ်ယူဖွယ် ရလဒ်များ

အရှေ့တောင်အာရှဆူဇူကီးဖလားပြိုင်ပွဲ (AFF Suzuki Cup 2010)
ဗီယက်နမ် (၇-၁) မြန်မာ၊ စင်ကာပူ (၂-၁) မြန်မာ၊ ဖိလစ်ပိုင် (၀-၀) မြန်မာ
စုစုပေါင်းမြန်မာရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၉)ဂိုး
အုပ်စုအောက်ဆုံးအဆင့်နှင့် ပြိုင်ပွဲမှ ထွက်ရ

AFC Challange Cup (2011) ခြေစစ်ပွဲ
မြန်မာ (၁-၁) ဖိလစ်ပိုင်၊ မြန်မာ (၀-၂) ဘင်္ဂလားဒေ့ရှ်၊ မြန်မာ (၁-၃) ပါလက်စတိုင်း
စုစုပေါင်းမြန်မာရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၆)ဂိုး
အုပ်စုအောက်ဆုံးအဆင့်နှင့် ခြေစစ်ပွဲမှ ထွက်ရ

ဖီဖာဥက္ကဌဆပ်ဘလတ္တာရေ… တကယ်အဟုတ်ကို အားရကျေနပ်စရာကောင်းလှတဲ့ မြန်မာ့ဘောလုံးအလားအလာပေပဲဗျာ။

အနူတောက သူဌေးရောဂါ

“ခေတ်ပျက်မှာ သူဌေးလုပ်ရတာ လွယ်သကိုးဗျ”… ဇော်ဇော်၊ တေဇ၊ အောင်ကိုဝင်း၊ ဌေးမြင့်၊ လွင်မိုး အစရှိတဲ့ အာဏာရှင်နောက်မြီးဆွဲများ(သို့မဟုတ်) အာဏာရှင်များရဲ့ ဒိုးတူပေါင်ဖက်စီးပွားဖက် သူဌေးဆိုသူတွေကတော့ ဒီလိုပဲတွေးနေ၊ ပြောနေကြမှာ အသေအချာပါပဲ။ ခုခေတ်မှာ သူဌေးဖြစ်နည်းဖော်မြူလာကား “သာ+ပေါင်း-ညာ×စား” ပင်ဖြစ်သတည်း… လို့ဆိုရမလိုပါပဲ။ လက်ဝါးကြီးအုပ်စီးပွားရေး(ဇာဂနာတို့ရဲ့ သူတောင်းစားညီလာခံ ကဇာတ်ထဲကလို ပြောရရင်) ချီးပွားရေးစနစ်နဲ့ အုပ်စီးနေကြတဲ့ လူတစ်စုရဲ့ အင်အားဟာ မြန်မာပြည်မယ် ပိုမိုကြီးထွားလာနေပါပြီ။ “ဘယ်သူသေသေ- ငတေ၊ ငရွှေ၊ ငဇော်၊ ငမိုးမာ” ပြီးရောသမားတွေပေါ့ဗျာ။

ခက်တာက အဲဒီချီးပွားရေးသမားတွေက ဘာလုပ်သလဲဆိုတော့ကာ သူတို့ရဲ့ လိမ်လည်လှည့်ဖျားရိုက်စား ချီးပွားရေးကိစ္စတွေကို မြန်မာလူထု အာရုံမကျ၊ သတိမထားမိအောင် မြန်မာလူထုကို အာရုံတွေလွှဲတဲ့အနေနဲ့ အပေါ်ယံ ဗန်းပြ အလုပ်တွေ (ဥပမာ- MNL ဘောပွဲများ)လုပ်ပြီး ပြည်သူကို လှည့်စားဖို့ ကြိုးစားတော့တာပါပဲ။

ဘောလုံးလောက တိုးတက်မလာဘဲ လူလည်မသားတွေရဲ့ စီးပွားရေးလုပ်ကွက်တွေသာ ပိုမိုတိုးတက်လာ

ဒါကတော့ မြင်သာပါတယ်။ မြန်မာဘောလုံးအသင်း၊ ဘောလုံးလောက တိုးတက်မှုရှိမရှိဆိုတာ မြင်သာပါတယ်။ ပြည်သူကြိုက် ဘောလုံးဗန်းပြပြီးတဲ့ကာ ဇော်ဇော်အနေနဲ့ နေပြည်တော် ဘောကွင်းတည်ဆောက်မှုတွေ၊ မန္တလေး အားကစားကွင်းတည်ဆောက်မှုတွေမှာ လုပ်ကွက်တွေရသွားပါတယ်။ တေဇကတော့ ပြောမနေပါနဲ့တော့။ ဗမာပြည်က လုပ်ငန်းကြီးမှန်သမျှ သူနဲ့ကို မကင်းနိုင်လောက်အောင်ပါပဲ။ ပြည်သူတွေအနေနဲ့ သေချာ စဉ်းစားစေချင်ပါတယ်။ တကယ်တိုင်းပြည်ကို ချစ်မြတ်နိုးပြီး ဘောလုံးလောကကို မြှင့်တင်ချင်တာလား။ သူတို့ ကိုယ်ကျိုးစီးပွားအတွက် ဘောလုံးကို ခုတုံးလုပ်နေကြတာလားဆိုတာကို သေချာစဉ်းစားအဖြေထုတ်စေချင်ပါတယ်။

ဇော်ဇော် ထိုးကျွေးတော့မယ်

အခြေအနေမကောင်းတဲ့ မြန်မာ့ဘောအဆင့်အတန်းကို ပြည်သူပရိသတ်တွေ ဒေါသထွက်နေချိန်မှာ လက်ရှိမြန်မာ့ဘောဥက္ကဌ ဇော်ဇော် ဘာလုပ်မယ်ထင်ပါသလဲ။ ထိုးကျွေးမှုတွေ လုပ်လာပါတော့မယ်။ လက်ရှိထိုးကျွေးစရာတွေလည်း အများကြီးရှိနေပါတယ်။ အာဏာရှင်ဆန်လှတဲ့ လက်ရှိဘောလုံးအဖွဲ့ချုပ်ကို ပြန်ပြော၊ ခံပြောရဲသူလည်း မရှိသလောက်ပါပဲ။ အရင်ဆုံး ထိုးကျွေးခံရမှာက လက်ရှိမြန်မာ့ဘောလက်ရွေးစင်ကစားသမားတွေပါ။ ဒီကစားသမားတွေကို ထိုးကျွေးပြီးရင် နောက်ထပ်ထိုးကျွေးခံရမှာက လက်ရှိ လက်ရွေးစင်နည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ်ဖြစ်ပါတယ် (သူကလည်း သူ့အပြစ်တစ်စက်မှ မရှိသယောင် ကစားတွေအပေါ် အပြစ်ပုံချနေပါတယ်)။ နည်းပြကို ထိုးကျွေးပြီးရင် ဇော်ဇော်ဟာ သူ့ကိုသူ ထိုးကျွေးပါဦးမယ်။ လက်ရှိဘောအဖွဲ့ချုပ်က သူနုတ်ထွက်လိုက်ရင်လည်း သူ့အတွက် ဘာမှ မထိခိုက်ပါဘူး။ ဘောနဲ့ ပတ်သက်တဲ့ ချီးပွားရေးလုပ်ကွက်အတော်များများအပြင် အခြားလုပ်ကွက်ပေါင်းများစွာ ဇော်ဇော်ရရှိပိုင်ဆိုင်ထားပြီးတဲ့နောက် သူ့မှာ နစ်နာစရာအကြောင်း ဘာမှ မရှိတော့ပါဘူး။ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ပဲ မြန်မာ့ဘောလုံးဟာ ကျရှုံးမှုတွေထဲမှာ ရစ်ဝဲလယ်လယ်ဖြစ်နေပါတော့မယ်။

လက်ရွေးစင်ကစားသမားတွေကို ပြည်သူတွေ မမုန်းစေချင်

မြန်မာ့ဘောလုံး လက်ရွေးစင်ကစားသမားတွေဟာ အင်မတန်သနားစရာကောင်းပါတယ်။ သူတို့ကိုချည်း အပြစ်ဖို့နေတာ မမျှတပါဘူး။ မြန်မာဘောကစားသမားတွေရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးစိတ်၊ နိုင်ငံ့အပေါ်ချစ်မြတ်နိုးစိတ်တွေကို ဇော်ဇော်တို့ဟာ MNL ဘောပွဲများကျင်းပပြီး စနစ်တကျ ဖျက်ဆီးခဲ့ကြပါတယ်။ မီဒီယာတွေအနေနဲ့ မျက်စိမလျှမ်းစေချင်ပါဘူး။ လက်ရွေးစင်ကစားသမားတွေဟာ အာဏာရှင်တွေအုပ်ချုပ်အောက်မှာ စိတ်လက်မချမ်းမသာ ဘောလုံးကစားနေကြရတယ်ဆိုတာ မမေ့သင့်ပါဘူး။ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ ဘာမှ မရှိပါဘူး။ လွတ်လပ်စွာ ဘာမှ မလုပ်နိုင်ပါဘူး။ ဇော်ဇော်တို့က ၀င်ကန်ဆို ကန်ရတာပဲ။ မကန်ချင်လည်း ၀င်ကန်ရတာပဲ။ ကန်ချင်ပေမဲ့ မကန်နဲ့တော့ဆိုလည်း သူတို့ မကန်ရတော့ပါဘူး။ လက်ရွေးစင်ကစားသမားတွေဟာ နယ်ရုပ်တွေမဟုတ်ပါဘူး။ လူတွေပါ။ သူတို့ ကန်ချင်စိတ်၊ ကြိုးစားချင်စိတ်ရှိမှ ဘောလုံးရလဒ်တွေ တိုးတက်မှာပါ။ သူတို့ကို မလိုတစ်မျိုး၊ လိုတစ်မျိုးဆက်ဆံခံနေရရင် သူတို့စိတ်ချမ်းသာ၊ စိတ်ဓာတ်တက်ကြွစွာ ဘောကန်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားတွေလည်း ကျွန်တော်တို့ဗမာပြည်သူပြည်သားတွေနည်းတူ အာဏာရှင်တွေရဲ့ ညံ့ဖျင်းလှတဲ့ စီမံခန့်ခွဲမှုအောက်မှာ နေထိုင်အသက်ဆက်နေကြရတာပါ။ MNL ဘောပွဲတွေကျင်းပပြီး ကစားသမားတွေကို ငွေတွေပုံပေးနေရုံနဲ့ ဘောလုံးလောက တိုးတက်မလာနိုင်ပါဘူး။ စိတ်ဓာတ်တွေကိုလည်း မြှင့်တင်ပေးနိုင်ရပါမယ်။ ခုတော့ ချီးပွားရေးစိတ်ဓာတ်တွေနဲ့ ဂွင်ဖန်ဖို့လောက် အားသန်တဲ့ ဇော်ဇော်တို့၊ တေဇတို့ရဲ့ အပေါ်ယံကြော-ရက်ရောမှုတွေဟာ ဘောသမားတွေရဲ့ စိတ်ဓာတ်ကို မမြှင့်တင်ပေးနိုင်ပါဘူး။ ဦးဆောင်သူဆိုတာ စံပြဖြစ်ရပါမယ်။ ပြည်သူပြည်သားစီးပွားရေးသမားအများစုကို လုပ်ပိုင်ခွင့်ကောင်းစွာမပေးဘဲ ချီးပွားရေးလက်ဝါးကြီးအုပ်ထားမှုတွေက ဇော်ဇော်၊ တေဇတို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းကို ကောင်းစွာ မီးမောင်းထိုး ဖော်ပြပေးနိုင်ပါတယ်။

ကိုယ်ကျိုးရှာ အာဏာရှင်သမားများ၊ လက်ဝါးကြီးအုပ်စီးပွားရေးသမားတွေအောက်မှာ

ခုမြန်မာ့ဘောလုံးအသင်းကို လူငယ်တွေနဲ့ သွေးသစ်လောင်းတော့မယ်ဆိုပြီး လေသံပစ်နေပါတယ်။ ကိုယ်ကျိုးရှာ အာဏာရှင်သမားများ၊ လက်ဝါးကြီးအုပ်စီးပွားရေးသမားတွေအောက်မှာ ဒီလူငယ်တွေရဲ့ စိတ်ဓာတ်တွေကိုရော ဘယ်လို မြှင့်တင်ပေးနိုင်ဦးမှာလဲ။ “လူငယ်တွေ … မင်းတို့လည်း လူလည်ကျတတ်အောင် သင်ကြဦး”… ဆိုပြီး စိတ်ဓာတ်မြှင့်တင်ပေးကြမှာလား။

ဖီဖာနဲ့ ဖီဖာဥက္ကဌလည်း လူလည်ပါပဲ

ကမ္ဘာ့ဘောအဖွဲ့ချုပ်ဖီဖာဥက္ကဌဟာလည်း လူလည်ပါပဲ။ သူ့အကျိုးစီးပွား၊ ဖီဖာအကျိုးစီးပွားကိုပဲ သူကြည့်ပါလိမ့်မယ်။ ဘောအဖွဲ့ချုပ်တွေကို အစိုးရက ၀င်စွက်ရင် ဖီဖာက အရေးယူလေ့ရှိသတဲ့။ ဗမာ့ဘောအဖွဲ့ချုပ်ကိုရော ဘယ်လိုလုပ်မလဲ။ အစိုးရက ၀င်စွက်စရာ မလိုတော့လောက်အောင်ကိုပဲ ဗမာ့ဘောအဖွဲ့ချုပ်မှာ အာဏာရှင်အစိုးရလူတွေက လက်ဝါးကြီးအုပ်နေတာကိုးဗျ။ ဒါမျိုးကျ ဖီဖာက မျက်စိမှိတ်မသိချင်ယောင် ဆောင်နေရောလား။ နည်းပြဟာ သူ့စိတ်ကြိုက် ကစားသမားရွေးချယ်ခွင့်ရှိသလား။ သူ့စိတ်ကြိုက် သူ ဘာလုပ်နိုင်မလဲ။ ကစားသမားတွေကရော သူတို့စိတ်ကြိုက် ဘာလုပ်နိုင်ခွင့် ရှိပါသလဲ။ ရယ်စရာအတော်ကောင်းတဲ့ သပွတ်အူတွေပါပဲ။ ဖီဖာရဲ့ Goal Project တွေနဲ့တင် ဒီသပွတ်အူတွေ (ဖီဖာဥက္ကဌနဲ့ အပေါင်းအပါများ+ဗမာ့အာဏာရှင်များ+ဗမာ့ဘောအဖွဲ့ချုပ်+လက်ဝါးကြီးအုပ်ချီးပွားရေးသမား)တွေ အတော်ကြီးပွားဦးမှာ မြင်ယောင်နေသေးပါရဲ့။

ဘယ်လောက်စောင့်ရမှာလဲ

မြန်မာ့ဘော တိုးတက်ဖို့ ဘယ်လောက်ထပ်စောင့်ဆိုင်းရဦးမှာပါလဲ။ ချီးပွားရေးအကြံနဲ့ ဘောဗန်းပြတဲ့ ဇော်ဇော်၊ တေဇတို့ လူလည်မသားတစ်သိုက်ခြယ်လှယ်နေသ၍၊ အာဏာရှင်များရဲ့ ကိုယ်ကျိုးရှာအုပ်ချုပ်စီမံခန့်ခွဲမှုအောက်မှာ မြန်မာပြည်နေနေရသ၍ မြန်မာ့ဘောလည်း တိုးတက်လာဖို့ လမ်းမမြင်လှပါ။ ဘောလုံးလောကကိုတိုးတက်စေချင်ရင် ဘောလုံးကို တကယ်ချစ်သော၊ အားကစားကို တကယ်မြတ်နိုးသော အစိုးရ၊ ဘောအဖွဲ့ချုပ်ဖြစ်ဖို့လိုပါတယ်။ စစ်အင်အားအသုံးစရိတ်ကိုပဲ တိုးချဲ့ပြီး ချီးပွားရေးလက်ဝါးကြီးအုပ်သမားတွေနဲ့ ဒိုးတူပေါင်ဖက် ပူးပေါင်းလူလည်ကျနေတဲ့ အာဏာရှင်များ တည်မြဲနေသ၍ မြန်မာ့ဘောလုံးတိုးတက်လာဖို့ဆိုသည်မှာ “အိပ်ပေါက်နဲ့ ဖားကောက်” တဲ့ စကားပုံထက်ဆိုးစွာ “စိတ်အပေါက်တွေနဲ့ အယားဖျောက်” သလိုသာ ဖြစ်နေမယ့်အကြောင်း စာပန်းဆင်လိုက်ရပါတော့တယ်။ ။

တော်လှန်နိုင်ငံရေးအကျဉ်းသမားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ…
ညိုကြီး
(၂၆၊ မတ်၊ ၂၀၁၁)

February 16, 2011

>Bad News For Buddha’s Sons and Daughters of Muse District

Filed under: MY NEWS, MY WRITING, PHOTOS — Nyo Gyi @ 12:30 pm

>

မူဆယ်ခရိုင်မှာ ဗုဒ္ဓသာသနာ အစော်ကားခံရပြီလော

“မူဆယ်ခရိုင်အတွင်း ရဟန်းသံဃာ၊ သီလရှင်များ လှည့်လည်အလှူခံခွင့်မရှိ၊ အလှူခံချင်လျှင် ရက်အကန့်အသတ်ဖြင့်သာ အလှူခံခွင့်ရှိ” ဟု ဟု မူဆယ်ခရိုင်သာသနာရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်ထား

မူဆယ်မြို့၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အသိပေးစာတစ်ခု ဖတ်ခဲ့ရသည်မှာ လွန်စွာထူးခြား၏။ မြန်မာ-တရုတ် ၂ ဘာသာဖြင့် ရေးသားထားသော ယင်းအသိပေးစာမှ မြန်မာဘာသာကို ကူးယူဖော်ပြလိုက်ပါသည်။ (ပူးတွဲပါပုံတွင်လည်း ကြည့်နိုင်ပါသည်)


မူဆယ်ခရိုင်သာသနာရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာန

အသိပေးစာ

မူဆယ်ခရိုင်၊မူဆယ်မြို့နယ်သံဃနာယကအဖွဲ့၊ ခရိုင်သာသနာရေးမှူးရုံးတို့မှ မူဆယ်ဒေသအတွင်း မည်သည့်၊ ရဟန်းသံဃာ သီလရှင်များကိုယ်တိုင်ဈေး၊ရပ်ကွက်လူနေအိမ်များတွင်လှည့်လည်အလှူခံယူခြင်းအား ခွင့်မပြု ထားသလို၊ တည်းခိုခန်း၊ လူနေအိမ်များတွင် နေထိုင် ခွင့်မပြုထားပါ။

မူဆယ်မြို့နယ်မှအလှူခံယူလိုသူများကိုလည်း၊ မြို့နယ်သံဃနာယကအဖွဲ့၊ ခရိုင်သာသနာရေးမှူးရုံးတို့မှ ဒေသအာဏာပိုင်ထံ ခွင့်ပြုချက်ယူ၍ ရက်အကန့်အသတ်ဖြင့်သာ အလှူခံခွင့်ပြုပါသည်။

ဤရုံးနှင့်၊သံဃအဖွဲ့၏ထောက်ခံချက်သက်သေ(စာရွက်)အထောက်အထားမရှိပါက အလှူခံယူခြင်း ၊နေထိုင်ခြင်းအား ဥပဒေအရ အရေး ယူဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ခရိုင်သာသနာရေးမှူး
မူဆယ်ခရိုင်

(မြန်မာနိုင်ငံမူဆယ်မှ တရုတ်နိုင်ငံ ကျယ်ဂေါင်သို့ အထွက် နယ်စပ်ဂိတ်။ အသိပေးစာကို အနီဖြင့် ၀ိုင်းပြထားသည်)

စာကို ဖတ်မိပြီး ဗမာနိုင်ငံသား၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ စာရေးသူမှာ အလွန်အံ့သြကာ ဗုဒ္ဓသာသာနာအတွက် ရင်လေးမိပါတော့သည်။ ဗုဒ္ဓဘုရားရှင်လက်ထက်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် လှည့်လည်ဆွမ်းခံပြီး ဆွမ်းဘုဉ်းပေးခဲ့ပါသည်။

ကြယ်စင်ရေးသားသော “ဘုရားရှင်တို့၏ တူညီသော အချက် ၃၀” https://sandarthuriya.wordpress.com/
တွင် ဘုရားရှင်တို့မည်သည် ဆွမ်းခံကြောင်း ဖတ်ရှုနိုင်သည်။

အရှင်ဉာဏဒီပ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်) http://ashinnyanadipa.blogspot.com ရေးသားသော “ဆွမ်းခံခြင်းသည် တောင်းခံခြင်းလော…” ဆောင်းပါးတွင်လည်း ဆွမ်းခံခြင်းအကြောင်းကို ရှင်းပြထားသည်။

သို့ဖြစ်ရာ ပူးတွဲပါ အသိပေးစာအရ ဗုဒ္ဓသာသာနာတော်မှာ ညှိုးနွမ်းဖွယ်ရာဖြစ်နေပါသည်။ ရက်အကန့်အသတ်ဖြင့် ဆွမ်းခံ(အလှူခံ)လိုလျှင်တောင် ဒေသအာဏာပိုင်တို့ထံမှ ခွင့်ပြုချက်ယူရမည်ဟု ဆိုထားပြန်ရာ ယနေ့ အာဏာရှင်များခေတ်တွင် ဘုရားပွင့်တော်မူလျှင်တောင် ထိုဘုရားရှင်မှာ ဆွမ်းခံ(အလှူခံ)လိုလျှင် ဒေသဆိုင်ရာ အာဏာပိုင်တို့ထံမှ ခွင့်ပြုချက်တောင်းရဦးမည်ကဲ့သို့ ဖြစ်နေပါသည်။

“ဤရုံးနှင့်၊သံဃအဖွဲ့၏ထောက်ခံချက်သက်သေ(စာရွက်)အထောက်အထားမရှိပါက အလှူခံယူခြင်း ၊နေထိုင်ခြင်းအား ဥပဒေအရ အရေး ယူဆောင်ရွက်သွားရန် ဖြစ်ပါသည်” ဟုဆိုသေးရာ ဗုဒ္ဓဘုရား၏ သားတော်၊ သမီးတော် ရဟန်းသံဃာ၊ သီလရှင်များအဖို့ ဆွမ်းခံ(အလှူခံ)ဖို့ရာမှာပင် ထောက်ခံချက်မရှိပါက အဖမ်းခံရဖွယ်(အရေးယူခံရဖွယ်)ဖြစ်နေပါသည်။

မူဆယ်မြို့မှ အဆိုပါ အသိပေးစာကား ဗုဒ္ဓဘာသာ၊ သာသနာကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင်ဖြစ်ပေသည်။

မူဆယ်ခရိုင်မှာ ဗုဒ္ဓမျက်နှာတော် အိုးမည်းအသုတ်ခံလိုက်ရချေပြီတည်း….။ ။

ဝမ်းနည်းစွာဖြင့်-

ဘ၀ဧည့်သည်တစ်ဦး (ခေတ္တ မူဆယ်)

May 3, 2010

Cyclone Nargis, 2 Years After

Filed under:ို, MY WRITING, NARGIS CYCLONE, PHOTOS — Nyo Gyi @ 11:15 am
နာဂစ် (၂)နှစ်ပြည့်

၂၀၀၈၊ မေလ (၂)/(၃) နေ့များမှာ ဗမာပြည်၊ ဧရာဝတီတိုင်းနှင့် အခြား မြစ်ဝကျွန်းပေါ်ဒေသများကို နာဂစ်ဆိုက်ကလုံးအမည်ရှိ အန္တရာယ်ဆိုးကြီးက ၀င်ရောက်မွှေနှောက်ကာ သိန်းချီသော ပြည်သူများ၏အသက်ဇီဝိန်ကို ချွေ၍ သန်းချီသော ပြည်သူများကို အတိဒုက္ခရောက်စေခဲ့သည်။

နာဂစ်မုန်တိုင်းသင့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရမည့်အစား မိမိအာဏာတည်မြဲရေးအတွက်ေ၀၀ါးယုတ်မာစွာနှင့် ဘာမဟုတ်သည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုသည့် အာဏာရူးဥပဒေအတည်ပြုပွဲကို ၂၀၀၈၊ မေလ (၁၀)ရက်နေ့မှာ ဇွတ်ကျင်းပအတည်ပြုပြီး ပြည်သူတွေ၏ နာဂစ်ဒုက္ခအား လစ်လျူရှုစော်ကားခဲ့သည့် စစ်အာဏာရှင်များ၏ အောက်တန်းကျသည့် စိတ်ဓာတ်မှာကား ရှာမှရှား ဆိုးဝါးလှချေတကား။

ယခုလည်း ထို ၂၀၀၈ နာဂစ်အခြေခံဥပဒေ၏ ဆင့်ပွား ၂၀၁၀ ယုတ်မာရွေးကောက်ပွဲဆိုသည်ကို စစ်အာဏာရှင်များက ကျင်းပဦးမည်ဆိုရာ ယနေ့ နာဂစ် (၂)နှစ်ပြည့်အခါသမယကာလမှာ အော့နှလုံးနာစရာကိစ္စရပ်ကြီး ဖြစ်လာပေတော့သည်။

———————————————

(10, July, 2008) က ဤဘလော့ဂ်မှာပင် ကျွန်တော် ရေးတင်ခဲ့ဖူးသော
နာဂစ်ကဗျာအား နာဂစ် (၂)နှစ်ပြည့်အဖြစ် အမှတ်တရ ပြန်လည် ဖော်ပြလိုက်ပါသည်။

http://bigbbrown.blogspot.com/2008/07/my-helping-tour-to-nargis-area.html


“နာဂစ်ဒေသက ပြန်ခဲ့တယ်…”

ကြေကွဲဝမ်းနည်းဖွယ်…။

ဂရုဏာရသ ဒင်းကြမ်းထ…။

ငိုနေတဲ့ မျက်လုံးများကို မှိတ်မရဘူး…။

မျောက်အုန်းသီးရသလို စီမံခန့်ခွဲမှုများရဲ့ အောက်မှာ…
တို့ပြည်သူတွေ ဘ၀ပျောက်ခဲ့ရပေါ့…။

ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပါပြီ…တဲ့
ဟုတ်လိုက်လေဗျာ…
ကယ်စရာမလိုတော့အောင်
လူတွေဟာ…
ကူရာကယ်ရာမဲ့ သေဆုံးခဲ့ကြ
ငတ်မွတ်ဆာလောင်ခြင်းတွေနဲ့ သေဆုံးခဲ့ကြ
လမ်းပျောက် အော်ဟစ်ရင်း သေဆုံးခဲ့ကြ
(သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရရဲ့ စာထဲကအတိုင်း ပြောရရင်
ပရမ်းပတာ သေဆုံးခဲ့ကြ)
ကယ်ဆယ်ရေးအချိန်မီ မစတင်ခဲ့တဲ့ ရက်စွဲများ….
၃၊ ၄၊ ၅၊ ၆၊ ၇….မေ။

ထိခိုက်မှုနည်းတဲ့ ရွာသားများက
ထိခိုက်မှုများတဲ့ ရွာသားများကို ကယ်ဆယ်ကျွေးမွေးခဲ့ကြ…
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ရွာတွေဟာ ရွာလုံးလုံးပျောက်ရှခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ကျွဲတွေ၊ နွားတွေ၊ ကြက်တွေ၊ ဘဲတွေ၊ ၀က်တွေ၊ ငှက်တွေ
အများကြီး (အများကြီး) သေဆုံးခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

လယ်တွေပျက်၊ သောက်ရေကန်ပျက်၊ စိတ်တွေပျက်
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ဖူးစရာ ဘုရားတောင် နာဂစ်နဲ့ ပျောက်သွား၊ ပျက်သွား
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

သိန်းချီသေဆုံးပြီး သန်းချီ ဒုက္ခရောက်ခဲ့ကြ
စစ်အဆိုးရကတော့ အေးဆေးပါ..တဲ့။

နိုင်ငံတကာ အလှူရှင်တွေကိုလည်း စော်ကားမော်ကား လုပ်လားလုပ်ရဲ့
ဖောက်ပြား၊ ဟောက်စားတဲ့ မသူတော်တွေ…။

အယောင်ဆောင် ကယ်ဆယ်ရေးတွေနဲ့
ဓာတ်ပုံရိုက်ဖို့သက်သက် ကယ်ဆယ်ရေးတွေနဲ့
ရုပ်မြင်သံကြား ရိုက်ကူးရေးသက်သက် ကယ်ဆယ်ရေးတွေနဲ့
ကယ်ဆယ်ရေးပစ္စည်းကို ခိုးတဲ့ နအဖလက်ပါးစေတွေနဲ့
တစ်ဆုပ်လိုတာ တစ်စေ့ပဲ ပေးတဲ့ နအဖရဲ့ အစီအမံတွေနဲ့
လယ်ထွန်စက် ဆယ်ရွာတစ်လုံးနှုန်းနဲ့ ။

အရင်ကတည်းက မရှိရှာခဲ့တဲ့ ဧရာဝတီပြည်သူတွေ
အခုတော့
မရှိရာကနေ ဘာမှ မရှိတော့
ဆွေမရှိ၊ မျိုးမရှိ၊ ပိုက်ဆံမရှိ၊ စားစရာမရှိ
ကျန်းမာရေးမရှိ၊ အနာဂတ်မရှိ
နေစရာက အိမ်သာ သာသာ ဓနိတဲ
မရှိတော့ ဆင်းရဲ၊ ဆင်းရဲတော့ ကျောမွဲ ။

ပြောပြန်ရင်လည်း ညိုကြီးလွန်ရာ မကျတော့ဘူး
ပြည်သူတွေရဲ့ တစ်ထွာဗိုက်တွေအတွက်
တိုက်ပွဲကတော့ တိုက်ကို တိုက်မှ ဖြစ်တော့မယ်

စစ်အဆိုးရ ကျဆုံးပါစေ…။ ။

မောင်ညိုကြီး
၁၀.၇.၂၀၀၈

———————————————

ကျွန်တော့်ဘလော့ဂ်တွင် ကျွန်တော်တင်ခဲ့ဖူးသော နာဂစ်ပို့စ်များ
http://bigbbrown.blogspot.com/search/label/NARGIS%20CYCLONE

———————————————

ညိုကြီး၏ နာဂစ်ဆောင်းပါး
“ရဟန်းသံဃာများ၏ မေတ္တာ၊ ကရုဏာ၊ စေတနာ” နှင့် “စစ်အဆိုးရ၏ အ၀ိဇ္ဇာ၊ တဏှာ၊ ဝေဒနာ”
http://bigbbrown.blogspot.com/2008/05/burma-monks-activities-after-nargis.html

Older Posts »

Create a free website or blog at WordPress.com.