News, Art and Ideas For Burma

January 24, 2011

Actor Yan Aung Said That The Place Away from Men is Military

Filed under: MY NEWS, SATIRE — Nyo Gyi @ 10:19 am

"ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" ဟု ရုပ်ရှင်သရုပ်ဆောင် ရန်အောင် ပြောဆို 
(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကား)
ဗမာပြည်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသလျက်ရှိသော နယူးမော်ဒယ်ရုပ်ရှင်ဇာတ်ကားမှာ မီမီကို(ဆေး-၁)၏ ၀တ္ထု၊ နေစိုးသော်၏ ဇာတ်ညွှန်းကို၊  ဒါရိုက်တာ- ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များအဖြစ် ရန်အောင်၊ နေတိုး၊ အောင်ဇေ၊ ဇော်ဝမ်း၊ အရိုင်း၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ သဇင် စသဖြင့်တို့ သရုပ်ဆောင်ထားခြင်းဖြစ်သည်။
ဇာတ်လမ်းအကျဉ်းမှာ ညီမ (သဉ္ဖာဝင့်ကျော်)က တရားသမား အပျိုကြီး (စိုးမြတ်သူဇာ)အိမ်ထောင်ကျမှ သူမလည်း ယောက်ျားယူ၍ ရမည်ဖြစ်သည့်အတွက် အစ်မဖြစ်သူ တရားသမားကို အစွံထုတ်ရန် သူငယ်ချင်းဖြစ်သူ နေတိုး (မြာပွေသူ)အား အကူအညီတောင်း၍ တရားသမားအစ်မကြီးအား တဏှာကျော့ကွင်းသက်ဆင်းစေရန် ဆောင်ရွက်စေရာ စိုးမြတ်သူဇာ ခမျာလည်း နေတိုးအား ချစ်မိသွားသည်ဆို၏။ နောက်မှ စိုးမြတ်သူဇာတစ်ယောက် မိန်းမပွေသော နေတိုးအကြောင်းနှင့် နေတိုးက သူမကို အလောင်းအစားသဘောနှင့် ချစ်ဟန်ဆောင်နေကြောင်း ကြားသိသွားရာ စာတစ်စောင်ထားကာ အိမ်ပေါ်က ဆင်းသွားသည်ဆို၏။ 
စာပါအကြောင်းအရာမှာ "…… ယောက်ျားတွေနဲ့ ဝေးတဲ့နေရာကို ထွက်သွားကြောင်း…" ပါရှိသည်ဆို၏။ ယင်းကို စိုးမြတ်သူဇာ၏ အဖေနေရာက သရုပ်ဆောင်သူ ရန်အောင်က "…. ယောက်ျားတွေနဲ့ ဝေးတဲ့နေရာဆိုတော့- တပ်ထဲများ ၀င်သွားသလားမသိဘူး…" ဟု ပြောဆိုသော စကားပြောခန်းတစ်ခုပါဝင်ပေသည်။ 
ယင်းစကားကို အဖြည်သဘောနှင့် ရုပ်ရှင်တွင် ဆက်လက်ပြသသည်မှာ ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ သီလရှင်ကျောင်းဖြစ်ကြောင်း ရိုက်ပြထားပေသည်။
နေတိုးက သီလရှင်ကျောင်းကိုလိုက်သွားရာမှ ဆံချနေသော စိုးမြတ်သူဇာလည်း နေတိုးတောင်းပန်မှုကြောင့် နေတိုးနှင့်ပြန်လိုက်လာကာ နေတိုးနှင့် ကတုံးမ စိုးမြတ်သူဇာတို့ လက်ထပ်လိုက်ကြသည်ဆိုကာ ဇာတ်ကိုသိမ်းထားပါသည်။
စစ်အာဏာရှင်များသည် ဇာဂနာတို့ကဲ့သို့ တိုင်းပြည်ချစ် လူရွှင်တော်များ၏ ၄င်းတို့အပေါ် ဟာသလုပ်ပြောဆိုမှုများကိုပင် စိုးစဉ်းမျှ သည်းခံခွင့်လွှတ်လေ့မရှိဘဲ အငြိုးထားထောင်ချအရေးယူပစ်လေ့ရှိရာ ယခုကဲ့သို့ "ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" (သဘောကတော့ စစ်တပ်ထဲမှာ ယောက်ျားတွေမရှိဘူး။ စစ်တပ်ဆိုတာ ယောက်ျားတွေနဲ့ မနီးစပ်ဘူး။ ဆက်စဉ်းစားလျှင် စစ်တပ်ထဲမှာ မိန်းမ (သို့မဟုတ်) ယောက်ျားမဟုတ်သူများသာ ကျက်စားနေကြကြောင်း သွယ်ဝိုက်ပြောဆိုလိုက်သည်နှင့် တူပေတော့သည်) ဟု ရန်အောင်က ပွင့်ပွင့်လင်းလင်း၊ သာသာနှင့်နာနာ နှက်လိုက်သည်ကို မြင်ရရာ အံ့လည်း အံ့သြမိ၊ ရုပ်ရှင်ကားဖန်တီးသူများနှင့် သရုပ်ဆောင် ရန်အောင်၏ ပြောရဲဆိုရဲသော သတ္တိကိုလည်း သိမြင်လိုက်ရပေသတည်း။    ။
မှတ်ချက်။   ။
(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကားဖန်တီးသူများနှင့် ရန်အောင်ကို ထိခိုက်နစ်နာစေလိုသော သဘောမရှိပါ။ နယူးမော်ဒယ် ရုပ်ရှင်ကို ကြည့်မိရာမှ (စစ်မှုမထမ်းမနေရ ဥပဒေကိစ္စနှင့် ပွက်လောရိုက်နေသော ယနေ့ကာလနှင့်တိုက်ဆိုင်စွာပင်) အမှတ်မထင် ကြားမြင်လိုက်ရသော စကားပြောခန်းတစ်ကွက်ကို ပြန်လည် တင်ပြခြင်းမျှသာ ဖြစ်ပါကြောင်း)
ချောင်းဖြူ

4 Comments »

  1. ငါးလိုးမသား…..တို.မင်းအမေလင်ပဲကွာ…..တို.ပြောတဲ.သူတွေဟာ မင့်ကိုဆဲတဲ.သူတွေပါ….မင်.ကိုမင်.အဖေအရင်းတစ်ယောက်လို သံယောဇဉ်ရှိလို. လာပြောတဲ.သူတွေမဟုတ်ပါဘူး… အမှတ်မှားမိမှာစိုးလို.

    Comment by soe lay — May 14, 2012 @ 11:11 am

  2. လူရွှင်တော်တွေပျက်နေကြ ပျက်လုံးပါ ယောကျာင်္းတွေချည်းရှိလို့ ပြောကြနောက်ကျတာပါ ဒိန်းဒေါင်ဆိုယင် အရမ်းပြောပါတယ် ရန်မတိုက်ပါနဲ့ ဗျ ဘာမှမဟုတ်တဲ့အရာတခုနဲ့များ ဟာသကားမို့ ဟာသဖြစ်အောင်ပြောတာ လူဆိုယင်နားလည်ပါတယ်

    Comment by Unknown — May 18, 2012 @ 12:52 pm

  3. ကျွန်တော် လူပါ

    Comment by Nyo Gyi — September 27, 2012 @ 9:06 pm

  4. ဒီပို့စ်ကို ကြိုက်တယ်၊ အင်္ဂါရပ်က ယောက်ျားပေမယ့် စိတ်ဓါတ်က ယောက်ျားလိုမပြုမူရဲရင် ဘာလဲ။ သတ်ရဲသေရဲတိုင် ယောက်ျားလား။ အများကောင်းကျိုးအတွက် အမှန်တရားကို ရင်ဆိုင်ရဲရင် ယောက်ျားစိတ်ဓါတ်၊ ယောက်ျားသတ္တိ။

    Comment by ကျော်ဇေယျ — January 1, 2013 @ 7:35 am


RSS feed for comments on this post. TrackBack URI

Leave a comment

Create a free website or blog at WordPress.com.