December 29, 2009
December 25, 2009
December 22, 2009
2010 MAUNG CHAW NWE POEM PRIZE

(အောက်ပါ/ပူးတွဲပါ 4 SCAN Pages တွင် အသေးစိတ်ဖတ်ရှုပါ)
သတင်းပြန်ကြားရေး
မောင်ချောနွယ်ကဗျာဆု အလုပ်အမှုဆောင်အဖွဲ့
ရန်ကုန်မြို့
———————————————————–
Maung Chaw Nwe’s Picture was taken from -
http://www.naytthit.com/poems/Pages%20from%20040%20Train.jpg
Yadanabon Newspaper Staffs Were Sacked
(စိုးမိုး/ ၂၁ ဒီဇင်ဘာ ၂၀၀၉)
ခေတ်ပြိုင်၊ The New Era Journal မှ ကူးယူဖော်ပြသည်)
http://www.khitpyaing.org/news/Dec09/211209b.php
————————————————————-
Previous Related News From My Blog
1. စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက ” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html
2. ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် – နောက်ဆက်တွဲ
http://bigbbrown.blogspot.com/2009/11/at-least-6-men-from-yadanabon-newspaper.html
3. ရတနာပုံသတင်းစာတိုက်မှ ကွန်ပျူတာသမား အောင်တင်ဝင်း လည်း ဖမ်းဆီးစစ်ဆေးခံရသူများထဲတွင် ပါဝင်နေ
http://bigbbrown.blogspot.com/2009/11/computer-staff-aung-tin-win-from.html
December 17, 2009
December 14, 2009
Military Junta made a joke over Ethnic Groups?
( တိုင်းရင်းသားများ သတိထားစဉ်းစားကြဖို့ )
အဲဒီဆောင်းပါးတွေထဲကမှ (၂၅၊ နိုဝင်ဘာ၊ ၂၀၀၉)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါရှိခဲ့တဲ့ ကလောင်အမည် ယိန်းနန်ရဲ့ “မျှော်လင့်မထားသော အတွေ့အကြုံများ” ဆိုတဲ့ ဆောင်းပါးကိုလည်း သတင်းစာဖတ်ဖြစ်သူများ သတိထားမိမယ်ထင်ပါတယ်။
(ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်အချို့မှာလည်း အဲဒီ ဆောင်းပါးကိုပဲ စစ်အဆိုးရက ထုံးစံအတိုင်း ဖိအားပေး ထည့်သွင်းဖော်ပြစေခဲ့ပါတယ်။ ဥပမာ- ပြီးခဲ့တဲ့ အပတ်က ထုတ်ဝေခဲ့တဲ့ First Eleven Sport Journal Vol(10), No(27) နဲ့ Premier Eleven Sport Journal Vol(7) No(14) ဂျာနယ်တွေရဲ့ စာမျက်နှာ (၁၈)မှာ အဲဒီ ယိန်းနန် ဆောင်းပါးကို ဖော်ပြထားပါတယ်။)
(ယိန်းနန်ကလောင်အမည်နဲ့ ” မျှော်လင့်မထားသော အတွေ့အကြုံများ ” ဆောင်းပါးကို ခွေးဘလော့ဂ် http://kyeesaytaman.blogspot.com/2009/11/blog-post_25.html မှာလည်း ဖတ်ရှုနိုင်ပါတယ်။)
ရှမ်းပြည်နယ်၊ ဗထူး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ နယ်ခြားစောင့်တပ် သင်တန်းတက်နေတဲ့ ဗိုလ်ယိန်းနန်ဆိုသူက ကချင်ပြည်နယ် ဗန်းမော်က သူ့ သူငယ်ချင်း ဘရန်ရှောင်ဆိုသူ့ထံ ကချင်ပြည်နယ်မှာ NDAK အဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တဲ့အကြောင်း၊ သူ့ကိုလည်း ဗိုလ်အဆင့်ပေးကြောင်းနဲ့ အဲဒီလို နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တဲ့အပေါ် မစားရ ၀ခမန်း၊ အလွန်အကျွံဝမ်းသာထောက်ခံရေးသားကြိုဆိုထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။
အခု ပြောချင်တာက ဆောင်းပါးထဲက စာသားတွေအကြောင်းကို မဟုတ်ပါဘူး။ အဲဒီ “မျှော်လင့်မထားသော အတွေ့အကြုံများ” ဆိုတဲ့ ဆောင်းပါးနဲ့ တွဲပြီး ဖော်ပြထားတဲ့ ကလောင်အမည် ” ယိန်းနန် ” ဆိုတာကို မီးမောင်းထိုးပြလိုပါတယ်။
တကယ်တော့ ကချင်အမျိုးအနွယ်ဖြစ်တဲ့ လရှီးဘာသာစကားအရ ယိန်းနန်ဆိုတာဟာ ယိန်း=သမီး၊ နန်=တစ် (ယိန်းနန်=နံပတ်တစ်သမီး (သို့) သမီးကြီး) လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေအပေါ် မလှိမ့်တပတ်နဲ့ စော်ကားလိုက်တာလို့ပဲ မြင်ပါတယ်။
ကျွန်တော်တို့ ဗမာစကားမှာ သမီးမွေးတယ်ဆိုတဲ့ စကားရှိပါတယ်။ သမီး မွေးစားတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ မွေးပြီးစားတဲ့ သဘောပေါ့။ ဖောက်ပြားတတ်တဲ့ အိမ်ထောင်ရှိ ယောက်ျားတွေ ကိုယ့်ထက်အရမ်းငယ်တဲ့ မိန်းကလေးကို အငယ်အနှောင်းထားတယ်ဆိုရင် ဘေးလူကြားကောင်းအောင် သမီးမွေးစားထားတယ်ဆိုပြီး ပြောတတ်ကြပါတယ်။
(ဗမာထောင်တွေထဲ အကျဉ်းကျဖူးတဲ့ သူတစ်ဦးပြောပြတာကတော့ ထောင်ထဲမှာ ယောက်ျားအချင်းချင်းသံဝါသပြု အတူနေတတ်တာတွေ (ဂေးတွေ) ရှိတဲ့အကြောင်း၊ ကိုယ်အပိုင်မွေးထားတဲ့ ယောက်ျားလေး(ဂေး)ရှိရင် သမီးမွေးထားတယ်ဆိုပြီး ဥပမာတင်စား ပြောဆိုတတ်လေ့ရှိကြောင်း သိရှိရပါတယ်။)
အဲတော့ “မျှော်လင့်မထားသော အတွေ့အကြုံများ” ဆောင်းပါးရေးသူရဲ့ ကလောင်အမည်ကို စစ်အာဏာရှင်တွေက တမင်တကာ အကွက်ချပြီး ” ယိန်းနန် ” ဆိုပြီး ဖော်ပြတယ်။ ပြီးတော့ ဆောင်းပါးထဲမှာလည်း အဲဒီ ဗိုလ်ယိန်းနန်က ယောက်ျားလေးတစ်ဦးလိုပဲ ပြောဆိုရေးသားထားတယ်။ လရှီးဘာသာစကားအရ ယိန်းနန်ရဲ့ အဓိပ္ပာယ်က သမီးကြီး။ ကဲ သေချာစဉ်းစားကြည့်ကြပါဦး။ ဒါဟာ ဘာသဘောလဲ။ သွေးရိုးသားရိုးတော့ မဟုတ်တန်ရာ။
နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့တဲ့ တိုင်းရင်းသားတပ်တွေကို ဗိုလ်သမီး (သို့) အမျိုးသမီးဆန်တဲ့ (အမျိုးသမီးဆိုတဲ့သဘောက အားနွဲ့/အားနည်းတဲ့ သဘောရှိလေတော့) အားမရှိတဲ့ စစ်တပ်တွေလို့ ဆိုလိုချင်တာလား။ သို့တည်းမဟုတ် အထက်က ကျွန်တော်ပြောခဲ့တဲ့ သမီးမွေးတယ်ဆိုတဲ့ သဘောယုတ်မျိုးနဲ့ တိုင်းရင်းသားတွေအပေါ် နှိမ်ချ စော်ကားလိုက်တာလား။
အဆိုပါမေးခွန်းတွေဟာ အဲဒီဆောင်းပါးနဲ့ ယိန်းနန် ကလောင်အမည်ကို တွဲပြီး သုံးခဲ့တဲ့ စစ်အာဏာရှင်များကိုယ်တိုင်သာ ဖြေရမယ့်မေးခွန်းတွေ ဖြစ်ပါတယ်။
စစ်အာဏာရှင်များဟာ ဗမာတိုင်းပြည်ကို နှိပ်စက်အုပ်ချုပ်၊ မတရားမင်းလုပ်တဲ့နေရာမှာ သိပ္ပံနည်း၊ ၀ိဇ္ဇာနည်း၊ နတ်ကတော်နည်း၊ ဓာတ်နည်း၊ ဗေဒင်နည်း၊ ကက်ကင်းနည်း အစသဖြင့် နယ်ပယ်ပေါင်းစုံက နည်းလမ်းတွေနဲ့ ရှာဖွေကျင့်ကြံအာဏာထိန်းသိမ်းအုပ်ချုပ်တတ်လေတော့ အခုလို ယိန်းနန်(သမီးကြီး) ဆိုတဲ့ ကလောင်အမည်ကိုလည်း တိုင်းရင်းသားနယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့တဲ့ ဆောင်းပါးမှာ အကွက်ကျကျ ထည့်သွင်းပြီး တိုင်းရင်းသားတွေအပေါ် နှိမ်ချဆက်ဆံစော်ကားလိုက်တာလို့ပဲ မြင်မိပါတယ်။
မလှိမ့်တပတ်နဲ့ လူလည်ကျ နှိမ်ချ စော်ကားတတ်တဲ့ စစ်အာဏာရှင်များရဲ့ ချဉ်းကပ်လာမှုမျိုးစုံကို တိုင်းရင်းသားများအနေနဲ့ သတိထား စဉ်းစား စောင့်ကြည့်နိုင်ကြပါစေ။
(၁၃၊ ဒီဇင်ဘာ၊ ၀၀၉)
(လရှီးဘာသာစကားအရ ယိန်းနန် = နံပတ်တစ်သမီး(သို့) သမီးကြီး ဆိုသည့် အဓိပ္ပာယ်အကြောင်း ပြောပြခဲ့သည့် အစ်ကိုကြီးအား အထူးလေးစားကျေးဇူးတင်ပါကြောင်း)
December 9, 2009
December 4, 2009
POETRY LIFE
ထုတ်လုပ်မှုမှတ်တမ်းမှာတော့ ၂၀၀၉၊ အောက်တိုဘာ၊ ပထမအကြိမ် လို့ ဖော်ပြထားတယ်။
ပါဝင်ရေးသားကြတဲ့ ကဗျာဆရာတွေကတော့ -
ဒဂုန်တာရာ၊ အောင်ချိမ့်၊ သုခမိန်လှိုင်၊ မိုဃ်းဇော်၊ နိုင်မွန်အောင်သွင်၊ မောင်စိုးသစ်(မန္တလေး)၊ မောင်နွေထက်၊ ဇော်ယုအောင်၊ လွန်းဆက်နိုးမြတ်၊ လွှမ်းရုံ၊ မောင်ကြည်သာ (တောင်တွင်း)၊ အောင်ဇင်မင်း၊ ပိုင်စိုးဝေ၊ ခရမ်းပြာထက်လူ၊ မင်းထက်မောင်၊ နွယ်စိမ်းဝေ၊ မင်းနဒီခ၊ စံညိမ်းဦး၊ ငြိဏ်းဝေ၊ ဇေယျာလင်း၊ မိုးဝေး၊ မောင်ပြည့်မင်း၊ အောင်မိုး၊ ဥက္ကာကျော်၊ လူအိမ်၊ နိုင်သစ်နီ၊ ကြည်ဇော်အေး၊ ခိုင်မျိုး၊ မိုးဒေ၀ါ၊ စိုင်းဝင်းမြင့်၊ ကျော်စိုးလူ၊ မောင်ဖီလာ၊ မောင်ကိုကို (အမရပူရ)၊ မော်မင်းသန်း၊ နေ၀င်းမြင့်၊ ဇေယျာလင်း၊ စေတ၊ ညီစေမင်း။
———————————————————–
ခေတ်ပေါ်မြန်မာစကားပြေတွင် စကားပြေနှင့် ကဗျာပုံသဏ္ဍာန်အခန်း










